အပိုင်း{7}

64 3 0
                                    

စာသင်ခန်းအတွင်း စာကျက်
သံများ,ဆရာဖြစ်သူရဲ့ စာရှင်းပြသံများ,တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ကလေးငယ်များ၏
ရီသံများကို ကြားနေရသည်။

စဝ်ခွန်းချစ် ကလေးငယ်များကို
စာရှင်းပြနေရင်း လက်ကောက်ဝတ်က နာရီကိုကြည့်မိရာ နေ့လည် ထမင်းစားချိန်ပင် ရောက်နေလေပြီ ဖြစ်သည်။ထို့ကြောင့် ကလေးငယ်များကို မတိုးမကျယ်သည့် အသံ
ဖြင့်ပြောလိုက်သည်။

"ကဲကဲ..စာအုပ်တွေသိမ်းကြတော့"

သူပြောလိုက်သည်နှင့် ကလေး
ငယ်များက သိမ်းစရာရှိသည်
များကို သိမ်းကာ နှုတ်ဆက်
ကြလေသည်။

"မဂင်္လာပါ ဆရာခွန်း..!!..။ကျေးဇူးတင်ပါတယ် ဆရာခွန်း..!!.."

ထို့နောက် ကလေးငယ်များသည် စာသင်ခန်းထဲက အလျှိုလျှိုထွက်သွားကြလေသည်။စဝ်ခွန်းချစ်
သူရဲ့ စားပွဲခုံးပေါ်က ရှုပ်ပွနေသည့်စာအုပ်တချို့ကို သူ့နေရာနှင့်သူ ထားလိုက်သည်။

စာအုပ်များကိို သူနေရာနှင့်သူ ထားပြီးသည်နှင့် စာသင်ခန်းပေါက်ဝကိုကြည့်မိရာ အခန်းပါက်ဝတွင်ရပ်နေသည့် အကို့ကိုတွေ့လိုက်ရသည်။အကိုက သူ့ဆီလျှောက်လာ၍ ငါး
ဆင့်ချိုင့်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

"မင်းက လိမ္မာသားပဲ။ကျုပ် ပြောတဲ့အတိုင်းတော့နေသားပဲ"

"ဗျာ"

"မင်း မေ့နေတယ်ထင်တယ်"

"ဘာကိုပြော.."

ပြွတ်စ်

စဝ်ခွန်းချစ် နွေးခနဲဖြစ်သွားသော ပါးတစ်ဖက်ကို အုပ်ကိုင်လိုက်မိသည်။နက်မှောင်နေသည့် မျက်ဝန်းအိမ်များက အနည်းငယ် ကျယ်သွားသယောင်။ရဲတက်လာသည့် နားရွက်ဖျားလေးများကလည်း ကြိုတင်ဇာတ်တိုက်ထားသကဲ့သို့ တစ်ပြိုင်နက်ထဲဖြစ်ပေါ်လာ၏။

"အ အကို"

"ကျုပ်မရိုးသားတာ ဘာမှ
မလုပ်ဘူးနော်"

"........"

စဝ်ခွန်းချစ် ကိုယ့်ပါးကို
အုပ်ကိုင်၍ နေရာမှာတင်
ကြောင်ကာရပ်နေမိသည်။
အကို့ အနမ်းတစ်ပွင့်က သူ့ကို
စကားပြောဖို့ကိုပင် အင်အားမရှိတော့သလိုနယ်။အကို ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလည်း။ဘာလို့ အကိုနမ်းလိုက်တာနဲ့ ကျွန်တော်က ကျောက်ရုပ်တစ်ရုပ်လိုမျိုး ဖြစ်သွားရတာလည်း။
စသည့် အတွေးပေါင်းများစွာက
သူ့ခေါင်းထဲသို့ဝင်လာလေသည်။

မောင့် ခွန်းငယ် Where stories live. Discover now