အပိုင်း{5}

69 4 0
                                    

"သွားမယ်" ဟုပြောပြီး အခန်းပြင် ထွက်သွားတဲ့ အကို့ကြောင့် သူနေရာမှာတင် ကြောင်ကာရပ်နေမိသည်။အကိုက အခန်းပေါက်
ဝနားပြန်လာကာ လက်နှစ်ဖက်ကို ပိုက်၍ ဆိုသည်။

"မင်း ဒီတိုင်းပဲ ရပ်နေတော့
မှာလား"

အကို့စကားကြောင့် သူအကို့နားခပ်သွက်သွက် သွားလိုက်သည်။အကိုက သူ့ကိုအထက်အောက်
စုန်ဆန်ကြည့်ကာ။

"ဒီတိုင်းလိုက်မလို့လား"

"အာ.."

ထိုအခါမှ သူအခန်းထဲ ပြန်ဝင်ကာ အထုတ်အပိုးတွေ သွားယူလိုက်သည်။အကိုက အထုတ်အပိုးတွေအကုန် လက်လွှဲယူလိုက်ပြီး။

"မနိုင်ပဲနဲ့ သယ်ပြန်ပြီ"

"နိုင်..နိုင်ပါတယ်ဗျ"

"မင်းကလေ အရပ်ပုသလောက်လျှာတော်တော်ရှည်တာပဲ"

"ဘာဗျ!"

"အကြီးကိုအော်ပြောတယ်ပေါ့"

အကို့ကို သူဘာမှပြန်မပြောမိပါချေ။ပြန်ပြောဖို့အတွက်လည်း
သူ့မှာ အဖြေမရှိ။အကို့ စကားတွေကိို သူတစ်ခါတစ်လေကြရင် လိုက်မမှီနိုင်တော့ပေ။

သို့နှင့် အကို့အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။အကိုက စွပ်ကျယ်သာဝတ်ထား၍ ခပ်ညိုညိုအသားအရေပေါ်က လက်မောင်းကြွက်သားများကို အတိုင်းသားမြင်နေရသည်။အကိုက သူ့ဘက်သို့လှည့်ကြည့်လာပြီး။

"မြန်မြန်လျှောက်လေ.."

အကို့ စကားကြောင့် သူအကို့ရဲ့ခြေလှမ်းတွေကို မှီအောင်အမြန်လျှောက်ရသည်။အကို့မျက်နှာသည် ဘေးတစ်စောင်းကြည့်
လျှင်တောင် ချောမောနေ
သယောင်။ဝိုင်းချင်းကပ်လျက်ဖြစ်တာကြောင့် ကြာကြာ
မလျှောက်လိုက်ရ အကို့ဝိုင်းအရှေ့သို့ ရောက်သွားသည်။အကို့ အိမ် သည်လည်း သူကြီးအိမ် နည်းတူ ပျင်ထောင်အိမ် နှစ်ထက်ပင်ဖြစ်သည်။ဝိုင်းထဲတွင် သရက်ပင်ကြီး တစ်ပင်ရယ်,ခြံစည်းရိုးနားတွင် လှိုင်လှိုင်ပွင့်
နေတဲ့ နှင်းဆီပွင့်ဖြူဖြူများလည်း ရှိသည်။

အကိုက အိမ်အပေါ်ထက်တက်သွားတာကြောင့် သူပါ အကို့နောက်ကနေ လိုက်သွားမိသည်။အကိုက အထုတ်အပိုးတွေကို အခန်းတစ်ခုထဲတွင် နေရာတကျ
ထားလိုက်ကာ သူ့ဘက်လှည့်
ကြည့်လာ၏။

မောင့် ခွန်းငယ် Where stories live. Discover now