အပိုင်း{3}

82 2 0
                                    

ရွာလမ်းကလေးသည် အမှောင်ထုဖုံးလွှမ်းနေရာမှ တိမ်ဆိုင်းများဖြင့်ပုန်းကွယ်နေသည့် နေမင်းကြီးသည်ထွက်ပေါ်လာပြီး အလင်းရောင်ဖြာဖြာကလေးကိုသာရရှိလေသောကြောင့် အနည်းငယ်ရှင်းရှင်းလင်းလင်းသာ မြင်ရလေသည်။မိုးရာသီဖြစ်တာကြောင့် ခနခနရွာနေသောမိုးသည် ရွာလမ်းကလေးပေါ်တွင် နေရာအသီးသီးသို့ ကိုယ်စီသွားနေကြသော ရွာသူ ရွာသားများကို အေးစိမ့်စိမ့်ဖြစ်နေစေသည်။မဲမှောင်မှောင်ကောင်းကင်သည် နေရဲ့အလင်းရောင်ကြောင့်တဖြည်းဖြည်း အဖြူရောင်ဘက်ပြောင်းလာနေသည်။

စဝ်ခွန်ချစ်သည် စာသင်ကျောင်းသို့ သွားရန်အိပ်ရာမှ စောစောနိုးနေလေသည်။မနက်စာကို နံပြားနဲ့ လက်ဖက်ရည်ကို စားလိုက်သည်။ထို့နောက် ပျင်ထောင်အိမ်နှစ်ထက် အိမ်ကြီးအရှေ့ရှိ ခုံတန်းရှည်တွင်ထိုင်ကာ အကို့ကို စောင့်နေလိုက်သည်။ခနကြာတော့ အကိုက နွားလှည်းဖြင့် ဝိုင်းထဲသို့ဝင်လာသည်။

"ဟေ့ ကောင်လေးသွားမယ်"

"လာပြီ လာပြီ.."

ပြောပြီး ခပ်သော့သော့နွားလှည်းရှိရာသို့ သွားလိုက်သည်။ထို့နောက် လှည်းပေါ်သို့ ဖြည်းညှင်စွာတက်လိုက်သည်။

"ကျုပ် နောက်မကျပါဘူးနော်"

"ဟုတ် အယ်...မ မနောက်ကျပါဘူး"

သူထိုသို့ ပြောလိုက်တော့ အကိုက ခပ်ဟဟရယ်ပြီး နွားလှည်းကိုစတင် မောင်နှင်သည်။

စာသင်ကျောင်းမရောက်ခင် ရွာလမ်းတစ်လျှောက် နွားလှည်းကလေးသည် ခါတိုင်းလိုပင် တိတ်ဆိတ်စွာဖြင့် သွားနေသည်။

"ပျင်းဖို့ကောင်းလိုက်တာ။
မင်းမပျင်းဘူးလား"

"ဗျာ..မပျင်းပါဘူး ဘာလို့လဲ"

"ကျုပ်ကတော့ ပျင်းတယ်။
မင်းအသံလေးမှ မကြားရတာ"

"ဗျာ.."

"ကျစ်!။မင်းက အမြဲအဲ့ဒီ
ဗျာပဲ ပြောနေတယ်"

မင်းကိုမောင်မောင် စုပ်တစ်ချက်သက်လိုက်ပြီး လှည်းကိုသာ ဆက်မောင်းနေလိုက်သည်။

စဝ်ခွန်းချစ် ဘာပြန်ပြောလို့ ပြောရမှန်းမသိဖြစ်နေ၍ တိတ်တဆိတ်သာနေ,နေလိုက်သည်။

မောင့် ခွန်းငယ် Where stories live. Discover now