Chapter 4

111 15 0
                                    

ရုပ်ရှင်ရုံထဲတွင် ခင်မင်ရင်းနှီးစွာ စကားစမြည်ပြောခန်း

နောက်ဆုံးတွင် Jakeမှာ ထိုကောင်ငယ်လေးငါးယောက်နှင့်အတူ
ဘစ်ကားမှတ်တိုင်သို့  ထွက်လာခဲ့လိုက်ရတော့၏။ သူက အဖြူရောင် Tshirt ပေါ်တွင် အပြာနုရောင် လက်ရှည်ကို ထပ်ဝတ်ထားပီး အပေါ်သို့ အင်ကျီလက်အား နှစ်ဆင့်လောက် ခေါက်တင်ထားသည်။ ဖုန်းကို လက်တစ်ဖက်က ကိုင်ထားရင်း မှတ်တိုင်ရှိ ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ခြေ ချိတ်ထိုင်နေကာ ဘစ်ကားစောင့်နေရရှာ၏။ Jakeက အမြဲပင် သာမာန်လေးသာ ဝတ်စားတတ်သော်လည်း ချောမောသည့်လူ ဆိုသည်မှာကား အမြဲပင်ချောမောသည်မဟုတ်ပါလား။သို့ရာ ဘာဝတ်ဝတ် သူရဲ့ ငေးမောချင်စရာ  မျက်နှာသွင်ပြင်ရောင်ဝါတို့ကို မှေးမှိန်မသွားစေနိုင်ချေ။

ဘေးနားတွင်မူ Ethanမှ လွဲ၍ ကျန်လေးယောက်မှာတော့ စိတ်လှုပ်ရှားနေကြပီး မတ်တပ်ရပ်လျက်ပင် ဆူညံဆူညံနှင့် ပွက်လောရိုက်နေကြလေရဲ့။ ထိုတစ်ယောက်သာ သူ့ဘေးနားတွင် ငြိမ်သက်စွာထိုင်နေရင်း နားကြပ်တစ်ဖက်တပ်ကာ သီချင်းနားထောင်နေသည်။ သူ့ကို မြင်မှပင် Jakeလည်း bluetooth နားကြပ်လေး ယူခဲ့ဖို့ မေ့သွားသည်ကို သိလိုက်ရတော့၏။
အနှီကောင်လေးမှာ ထိုင်ခုံနောက်ဖက်ကို ကျောမှီထားရင်း သက်သောင့်သက်ပင် ထိုင်လျက် သီးချင်းသံဇဥ်လေးအတိုင်းတောင် ခေါင်းညိတ်နေလိုက်သေးသည်။

အနက်ရောင် shirt လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ကာ  ဂျင်းအဖျော့ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်ထားသည့် Ethanသည် လူငယ်ဆန်ဆန်ပင် သိပ်ကို ချောမောခန့်ငြားနေ၏။ Jakeက ပုံမှန်ဆိုလျှင် တစ်ခြားသူများကို သတိမထားတတ်သော်ငြား သည်ကောင်လေးကိုတော့ဖြင့် သေချာကြည့်မိနေသည်မှာ နှစ်ခေါက်တောင် ရှိနေပြီ။ ရှင်းမ်ပါပါးနှင့် မားမားတို့ ပြောသလိုပင် Ethanက သူ့ထက်တောင် ပိုခန့်ငြားသေးတာကိုတော့ သဘောမတူချင်တောင် တူရတော့မည်။

သူငယ်ချင်းများနှင့် အုပ်စုကျနေသည့်
Nikiမှာမူ Jakeနား သိပ်မကပ်ပေ။ အနှီကောင်စုတ်လေးသည် သိပ်ကိုလည်လွန်းပီး ၊ တစ်ဖက်တွင်ကျ အလိုက်သိသည်ဟု ပြောရပေမည်။ အိပ်ရေးမဝသည့် အချိန်များတွင်ဆို မိမိမှာ ဘေးနားရှိသူများအား စကားလည်း သိပ်မပြောသလို မျက်နှာကလည်း ပုံမှန်ထက်ပင် ပို၍ တည်နေတတ်၏။ သူနှင့် ရင်းနှီးသည့် သူများဆိုလျှင် တစ်ခါတစ်ရံ သူဟောက်တာတောင် ခံရလေ့ရှိသည်။ ထို့ကြောင့် Nikiက မုန့်ဖို့လည်း မတောင်းသည့်အပြင် အနားတွင်ကပ်၍ တတွတ်တွတ်တောင် ပြောမနေချေ။ Jakeအား တစ်ယောက်တည်း အေးဆေးနေခွင့် ပေးထားလိုက်သလိုလိုနှင့် အမှန်မှာမူ အနည်းငယ် ကြောက်နေမှန်း အသိသာကြီးပင်။

FUTURE YOUWhere stories live. Discover now