Chapter 5

113 15 0
                                    

ကျောင်းအသည်းကျော်လေးက ရုပ်ရည်သွင်ပြင်အတွက် လာဘ်ထိုးခြင်း

ရုပ်ရှင်ပီးသွားတော့ နေ့ခင်း (2:30)ရှိပီ ဖြစ်၏။ Jakeက လူငယ်လေးငါးယောက်အား မူလက ထိုင်ခဲ့သည့် Bubble Tea ဆိုင်ကို ပြန်ခေါ်လာလိုက်သည်။

""ရေခဲမုန့် စားကြအုံးမလား"

ဤဆိုင်လေးက Tea အပြင် ရေခဲမုန့်မျိုးစုံပါ မှာယူရရှိနိုင်သည်။

"ဟျောင်း...ကျွန်တော်က ချောကလက်ရေခဲမုန့်စားမယ်"

"ကောင်းပီ....ကျန်တဲ့သူတွေကရော"

ဆောနူ - " ကျွန်တော်က mint choco "

ဆောင်ဟွန်း - "ကျွန်တော်က mango icecream"

ဂျောင်းဝန် - "ကျွန်တော်ကိုတော့ စတော်ဘယ်ရီ"

"Ok......Ethan....လာ ဟျောင်းကို ကူသယ်ပေးအုံး"

ထိုသို့ပြောလိုက်တော့ ကောင်ငယ်လေးက ခေါင်းညိတ်ပြလိုက်ပီး သူနဲ့အတူ ရေခဲမုန့်ယူရမည့် ကောင်တာသို့ လိုက်လာ၏။

"Ethan.....ဘာအရသာ ကြိုက်လဲ"

"ဘာဘဲ ဖြစ်ဖြစ်"

"........."

သည်ကောင်ငယ်လေးက ဘယ်လိုလေးလဲ။

"ကောင်းပီ...ဒါဆို ဟျောင်းစားတဲ့ဟာ လိုက်စားကြည့်လေ"

"အွန်း..."

Jakeလည်း စတော်ဘယ်ရီ၊ သရက်သီးနှင့် မင့်ထ်ချိုကို မှာပီး သူနဲ့ Ethan အတွက်တော့ ပန်းသီးစိမ်းအရသာ မှာယူလိုက်သည်။ထို့နောက် ငွေရှင်းကာ ထိုင်ခုံနေရာသို့ ပြန်လာလိုက်၏။ သူ၏နောက်မှ Ethan က ရေခဲမုန့်ထည့်ထားသည့် ဗန်းအား ကိုင်လျက်။

"မင်းတို့ မနက်ကတည်းက အခုထိ မနက်စာလေးဘဲ စားရသေးတာ... ဗိုက်ဆာနေကျရောပေါ့ ဟုတ်လား"

Niki - "ဟျောင်း....ကျွန်တော့ ဗိုက်ဆို တဂွီဂွီတောင် မြည်နေပီ"

". ....."

ထိုအခါ ကျန်သုံးယောက်မှာ ခွီ ခနဲ ရယ်ကြတော့သည်။ သူတို့သူငယ်ချင်းက အစား အသောက်နှင့် ပတ်သက်လာလျှင် နည်းနည်းလေးမှ အရှက်မရှိရှာပေ။

"ဆိုတော့ မင်းတို့ ဘာစားချင်ကြလဲ၊
ဟျောင်းကို ပြောလေ"

ဆောနူ - "ဝါး....ဂျိတ်ခ်ဟျောင်း~
ဟျောင်းက သိပ်ကို သဘောကောင်းတာဘဲ"

FUTURE YOUWhere stories live. Discover now