Talkative Sheng

65 5 2
                                    

စာရေးသူမှာ ပြောစရာရှိနေတယ်.......XD

ဒီနေ့ ကျွန်မ ဟွားလျန်တို့ဆီ အလည်သွားပီး ပြန်လာတာလေ။ အင်း....တစ်ခေါက်လည်ပီဆို ​အနည်းဆုံးတော့ တစ်လနီးနီး ကြာတော့တာဘဲ(ကိုယ်က HOBကိုဆို အချိန်ဆွဲပီးဖတ်ရတာကို ကြိုက်တာရယ် -:: အဟမ်း..ကိုယ့်ကိုယ်ကိုတော့ စာဖတ်နှေးပေမယ့် နှေးတယ်လို့ ဘယ်ပြောချင်ပါ့မလဲနော့...ဟီးဟီး)  ကျွန်မသွားလည်တိုင်းလည်း ဟွားလျန်တို့က ဧည့်ဝတ်ကျေမြဲ၊ ကျေဆဲဘဲရှင့် (အမြဲတမ်း စိတ်ကျေနပ်နှစ်သက်မှု ပေးစွမ်းတယ်) ။ ပီးတော့ ကျွန်မရဲ့ သူတို့ဆီကို သွားလည်ချင်တဲ့ စိတ်အဟုန်ကလည်း ဘယ်တော့မှ လျော့ကျသွားတယ်ရယ်လို့ မရှိပါဘူး (ဟွားလျန်က အမြဲတမ်း ကျွန်မစိတ်ထဲမှာ ရှိတယ်)။ ကျွန်မ သိပါတယ် - ရှင်တို့အားလုံးနီးနီးက ဟွားလျန်တို့နဲ့ တွေ့ဆုံသိကျွမ်းပီးသားဆိုတာ (Trans novelsတွေဖတ်တဲ့သူတွေဆိုရင်ပေါ့)။ ဆိုတော့ မဖတ်ဖူးသေးတဲ့ လူအနည်းငယ်များ ကျန်နေသေးရင်လေ-:: ရှင်တို့ကို သွားဖတ်ကြဖို့ ကျွန်မ ရင်ထဲကနေပီးကို တိုက်တွန်းပါတယ်။ စိတ်ချ-ရှင်တို့ လုံးဝနောင်တမရစေရဘူး။

အဟမ်း.....ဒီတော့ ကျွန်မ အဓိက ပြောချင်တာကလေ - အဲ့လိုလည်း မဟုတ်သေးဘူး ။ ရှင်တို့နဲ့ ဆွေးနွေးချင်တာက ဟွားလျန်တို့ရဲ့ 'အတိသုခအချစ်' အကြောင်းပါဘဲ။ အထူးသဖြင့် ဟွားဟွားရဲ့ အရှင့်သားအပေါ်  မြတ်နိုးခြင်းဖြစ်တည်မှုပေါ့။ ဒီလိုပြောလို့ ကျွန်မက အရှင့်သားကတော့ ဟွားဟွားအပေါ် သူ့လောက် မချစ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ သေချာတာပေါ့ရှင် ။ ကျွန်မတို့၊  ရှင်တို့အားလုံး သိကြတဲ့အတိုင်း အရှင့်သားရဲ့ အချစ်ကလည်း ဘယ်လိုလုပ် လျော့နည်းပါ့မလဲ။

ပြောတော့မှဘဲ ကျွန်မက အသည်းမာတဲ့သူ။ ဆိုရရင်တော့ တော်ရုံလောက်နဲ့ ကျွန်မရင်ကို မထိနိုင်ဘူးပေါ့။ ဒါပေမယ့်လေ ကျွန်မ ဟွားလျန်တို့ဆီ အလည်သွားတိုင်း၊ ဟွားဟွားရဲ့ ချစ်ပြတတ်မှုတွေ၊ သူ့ရဲ့ ချစ်ခြင်းအနုပညာတွေကို မြင်ရတိုင်း မျက်ရည်ဝဲမိရုံတင် မကဘူး။ မျက်ရည်တွေဆိုတာ ပိုးပိုးပေါက်ပေါက်ကို ကျတော့တာ။ ရှင်တို့သိပါတယ် အဲ့ဒီခံစားချက်ကို။ ရင်ထဲကနေ ဆို့နင့်ပီးတော့လေ လိုက်လိုက်လှဲလှဲနဲ့ တွေးတောမိတာပါ။ သူ... အရှင့်သားအပေါ် ဘယ်လောက် တောင် လေးစားမြတ်နိုးလိုက်သလဲ။ ဘယ်​ လောက်တောင် ချစ်ခင်ကြင်နာတတ်လိုက်သလဲ။ ဘယ်လောက်တောင် သစ်စာရှိလိုက်သလဲ။ ဘယ်လောက်တောင် အလေးထားလိုက်သလဲ။ ဘယ်နှစ်ကြိမ်တောင် အသက်စွန့်ဝံ့လိုက်သလဲ။ အဲ့လောက် ချစ်မြတ်နိုးပြတတ်တဲ့ ဟွားဟွားကိုလေ ကျွန်မတော့ သိပ်ကို လေးစားအားကျမိတာဘဲရယ်။

FUTURE YOUWhere stories live. Discover now