လျှို့ဝှက်ချက်များပေါ်ပေါက်
သူတို့နှစ်ယောက် အိမ်တံခါးဖွင့်ဖွင့်ချင်း
မဒမ်ရှင်းမ်က အီသန့်လက်ထဲက အထုပ်တွေအား လွဲပြောင်းယူ၏။ သို့သော်လည်း ကောင်ငယ်လေးက လွဲမပေးသည့်အပြင်
မဒမ်ရှင်းမ်းအား နူးနူးညံ့ညံ့လေး ပြုံးပြကာ နှုတ်မှ အလေးအနက်ဆိုလာသည်က"ဟျောင်းရဲ့မားက ဒီလိုမျိုးချောချောလှလှစိတ်ရင်းကောင်းပီး၊သွက်လက်ထက်မြက်တဲ့ တီရှင်းမ်ဖြစ်နေတာ ဟျောင်းတော့ သိပ်ကိုကံကောင်းတာဘဲ။ ကျေးဇူးတင်ပေမယ့် တီရှင်းမ်ကို ပေးမသယ်ခိုင်းနိုင်ပါဘူးဗျ"
ရယ်သံခပ်လွင်လွင်လေးထုတ်ကာ အီသန့်ခေါင်းလေးအား ချစ်စနိုးပုတ်ပေးရင်း ပြုံးကြည့်နေသည့် မဒမ်ရှင်းမ်၏မျက်နှာက အကောင်ပေါက်လေးရဲ့စကားကို သိပ်ကိုသဘောကျသွားသည့်ဟန်။ အီသန်လေးက သူ့အမေလိုမျိုး အမြဲတမ်းတက်ကြွနေကာ စကားတွေတတွတ်တွတ်ပြောတတ်ပီး ဖော်ဖော်ရွေရွေပုံစံလေးမဟုတ်ဘဲ၊ သူ့ပါးလို အေးဆေးတည်ငြိမ်ပီး၊စကားနည်းတယ်လို့ ဆူယောင်းပြောပြထား၍ သားငယ်လေးက အေးစက်စက်ရေခဲတုံးလေးဖြစ်နေမှာလို့ သူမထင်နေခဲ့တာ။
သို့သော်လည်း ကောင်ငယ်လေးက လူကြီးသူမတွေအပေါ်ဆို နွေးနွေးထွေးထွေးနှင့် ပျူပျူငှာငှာလေးဆက်ဆံတတ်သည့်အပြင် သူမသားလေးအပေါ်တွင်လည်း
အများနှင့်မတူဘဲ ဂရုတစိုက်ကြင်နာပေးတတ်တာ သူမအကဲခတ်မိ၏။ လက်ရှိသူမခံစားနေရသည်မှာ အဖိုးတန်သားလေးတစ်ယောက် ထပ်ရလိုက်သလိုပင်။ဆူယောင်းပါ ထိုသို့ခံစားနေရမည်ကိုတွေးမိတော့ သဘောကျမဆုံးစွာဖြင့် ခပ်ပြုံးပြုံးဖြစ်နေရင်း သူမရဲ့ ခပ်ဖွဖွ ပူဆာသံကိုပါ ကြားယောင်လာတော့ သူမ အသံထွက်မရယ်မိဘဲ မနေနိုင်တော့ချေ။
ပြောတော့မှဘဲ ဆူယောင်းတစ်ယောက်ကတော့လား....သူမက ရှင်းဂျိတ်ခ်လေးကိုဆိုငယ်ကတည်းက သည်းသည်းလုပ်နေခဲ့တာပင်။ နောက်ပိုင်းကျ သူတို့နေသည့်မြို့တွေ မတူတော့တာရယ်၊ သူမတို့
ဇနှီးမောင်နှံကလည်း ကနေဒါကိုပြောင်းရွှေ့သွားတာတွေရယ်ကြောင့် ကလေးတွေငယ်စဥ်ကလွဲ၍ ကြီးလာသည့်အခါကျ စုံစုံညီညီ မတွေ့ဖြစ်ကြတော့သည်မှာ ခုချိန်ထိပင်။