Chapter 9

152 17 21
                                    

"အခန်းဖော်လေးမှ စိုးရိမ်ပူပန်ခြင်း နှင့် အတိတ်မှ စိုးရိမ်ထိတ်လန့်ဖွယ် ဓာတ်မတည့်မှု (ဒုတိယပိုင်း)"

"အထက်တန်း ဒုတိယနှစ်၊ နောက်ဆုံးစာမေးပွဲဖြေဖို့ သုံးရက်ဘဲ လိုတော့တဲ့နေ့- အဲ့နေ့က ဟျောင်း  ထောပတ်သီးဖျော်ရည်တစ်ခွက် သောက်မိတယ်။ ဘိုးဘိုးနဲ့ အတူလေ၊ ရုပ်ရှင်လေးကြည့်ရင်း ဖျော်ရည်အေးအေးလေး သောက်ရင်းပေါ့။ ဟျောင်း မှတ်မိသလောက်ဆို ပထမဆုံးစသောက်ဖူးတာက အဲ့နေ့ရဲ့ အရင်တစ်နေ့က ဖြစ်မယ်။ နှစ်ရက်၊ သုံးရက်ဘဲ ခြားတာ။

ဖြစ်ချင်တော့လည်း ရှောင်လွဲလို့မရသလိုမျိုးဘဲ။ တစ်ကယ်က ဟျောင်းငယ်ငယ်တည်းက ထောပတ်သီး မကြိုက်ဘူး။ စသောက်မိတော့မှ မဆိုးဘူးဘဲဆိုပီး
တီလေးဖျော်နေတုန်း နည်းနည်း ယူသောက်မိတာ။ ဒါပေမယ့် ပမာဏက နည်းတော့ လက်ခဏာလုံးဝမပြဘူးလေ။

သောက်လို့အချိန်နည်းနည်းလည်းကြာရော ဓာတ်မတည့်တာ စဖြစ်တော့တာဘဲ။ တစ်ကိုယ်လုံး အပိန့်တွေ့ထပီး၊ အသက်ရှူတွေရော ကြပ်လာတာ။ အတုန်တုန်အယင်ယင်နဲ့။ တစ်ခေါက်တည်းဘဲဆိုတောင် ဟျောင်း အဲ့ခံစားချက်ကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေ သေးတယ်။ ဟျောင်းတစ်ကယ်ကြီးကို လန့်သွားတာ ဘာမှ မတွေးနိုင်တော့လောက်အောင်ထိ။ ပါးတို့မားတို့ပါ ​ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကုန်ရော။ဟျောင်းအပါအဝင် အားလုံးကလည်း ဘာ့ကြောင့် ရုတ်တရက်ကြီး ထဖြစ်လိုက်မှန်း မသိကြဘူးလေ။

နောက်ဆုံး ဆေးရုံရောက်တော့မှဘဲ ဒါက ထောပတ်သီးနဲ့ ဓာတ်မတည့်ရာကနေ ဖြစ်မှန်း သိလိုက်ကြရတာ။ ကံကောင်းလို့ ဒီ့ထက်နည်းနည်းလေး နောက်ကျခဲ့မယ်ဆို အသက်အန်တရာယ်တောင် စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောခဲ့တယ်။လုံးဝရှောင်ဖို့ မလိုပေမယ့် တစ်ခါစားရင် အနည်းဆုံး လေး၊ငါးရက်ခြားပီး ပမာဏများများ မစားဖို့လည်း သတိပေးခဲ့သေးတယ်။

အဲ့တုန်းက စာမေးပွဲမဖြေခင်နေ့အထိ ဟျောင်း ဆေးရုံမှာဘဲ နေခဲ့ရတာလေ။ လူက အမြဲတမ်းပျော့ခွေပီး အားမရှိဘူး။ ခဏခဏ အန်ရတယ်။ ဆိုးဆိုးဝါးဝါး သင်ခန်းစာဘဲ။ ဟျောင်းအတွက် ကျန်းမာရေးထိခဲ့ပေမယ့် တစ်ဖက်မှာ မားအတွက်တော့ အဲ့လို မဟုတ်ခဲ့ဘူး။ သူမရဲ့ကလေးက ထောပတ်သီးနဲ့ မတည့်မှန်းတောင်မသိဘဲ သူကိုယ်တိုင်ဖျော်ပေးပီး သောက်စေခဲ့လို့ အဲ့ဒီလို ဖြစ်သွားခဲ့ရတာဆိုပီး တွေးနေခဲ့တာ။ အဲ့ကိစ်စနဲ့ ပတ်သက်ရင် သူမကိုယ်သူမ လုံးဝခွင့်မလွတ်နိုင်ခဲ့ဘူး။ အဲ့လို ခံစားမိစေခဲ့လို့ ဟျောင်း မားကို  တစ်ကယ် သနားမိတယ်။ ဒါတွေအားလုံးက သူမနဲ့ လုံးဝမသက်ဆိုင်ဘူးလေ။ ဟျောင်း ကိုယ်တိုင်တောင် မသိခဲ့တဲ့အရာပါ။

FUTURE YOUWhere stories live. Discover now