Chapter 6

112 15 0
                                    

ကျီစယ်စနောက်ခြင်း

Jakeက Contact ပေါ်မှ နာမည်အား တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ပြော"

"Jake ငါတို့ တနင်လာနေ့ချိန်းထားတဲ့ ကိစ်စကို တစ်ဖက်က ရက်နောက်ဆုတ်ပေးဖို့အတွက် ပြောလာတယ်။ သူရဲ့ ပြည်ပ ခရီးစဥ်က မမျှော်လင့်ဘဲ တစ်ရက် ထပ်တိုးသွားလို့တဲ့လေ။ အဲ့ဒါ မင်းအဆင်ပြေတဲ့ရက်ကို ထပ်ပီးသတ်မှတ်ပေးဖို့အတွက် တောင်းဆိုလာလို့။ ဆိုတော့ ဘယ်လိုလုပ်ချင်လဲ"

ထိုသူမှာ သေချာပေါက် Jay ပင်။ သူ့ပြောပုံအရဆိုရင်တော့ စာချုပ်ကိစ်စက နောက်ဆုတ်သွားမည့် သဘောရှိသည်။ ဒါပေမယ့်လည်း သူတို့အဖို့က သိပ်ပီး အဆင်မပြေလည်း ဖြစ်မနေချေ။ ဆိုင်ဖွင့်ဖို့အတွက်ပင်ထား၊ ဆိုင်ကို  ပြန်လည် ​ပြင်ဆင်မှုများ ပြုလုပ်၍ အဆင်သင့် အချောသတ်ရန်တောင် အနည်းဆုံးတော့ တစ်လလောက် အချိန်ယူကို ယူရအုံးမည်။ မည်သည့်အရေးတွင်မဆို အချိန်က ရွှေလို တန်ဖိုးရှိသော်လည်း ယခုက တစ်ဖက်လူ၏ မမျှော်လင့်ထားသည့် အကြပ်အတည်း ဖြစ်နေရာ သူတို့က ဘာလို့ နောက်မဆုတ်ပေးနိုင်ရမည်နည်း။

"ရပါတယ်~ကိစ်စမရှိဘူး။ ဒါဆို နောက်နှစ်ရက်ထိ ဆုတ်လိုက်။ သဘက်ခါကျတော့လည်း ငါ မားနဲ့ပါးကို လိုက်ပို့ဖို့ ရှိသေးတယ်"

"အိုကေ....ဒါဆို ငါတစ်ဖက်ကို ပြန်မေးလ်ပို့ထားလိုက်တော့မယ်။ ဒါနဲ့ အန်တီနဲ့ ဦးလေးကို သေချာလေး ပြောပေးပါအုံး။ ငါအဲ့​နေ့ကျရင် B မြို့တော်က ပါးရဲ့ရုံးခွဲကို သွားရမှာဆိုတော့ သူတို့ကို လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး"

"ငါက ဘာလို့ ပြောပေးနေရမှာလဲ။ မင်းဘာမင်းဘဲ မဒမ်ရှင်းမ်ကို ဖုန်းဆပ်ပြီး ပြောလေ။ အနည်းဆုံးမှ ကနေဒါက သူ့တူမလေးရဲ့ ဖုန်းနံပါတ် မင်းကို မပေးရုံပေါ့....ဟားဟားဟား"

တစ်ဖက်သားအပေါ် ညစ်ပတ်ပီး အကျင့်ပုတ်ရသည်က တော်တော်အရသာရှိသည့် ခံစားချက်မျိုးပင်။ ခံရသည့်သူအဖို့တော့ ဆန့်ကျင်ဘက်ဖြစ်ရပေမယ့်ပေါ့ ။ Jakeမှာ အတော်လေး ရွှင်မြူးနေ၏။ ထိုသူက သူ့ကို လေလိုင်းထဲမှာဘဲ ပွစိပွစိ ပြောနေရုံကလွဲ ဘာများ လုပ်နိုင်မှာလဲ။

FUTURE YOUWhere stories live. Discover now