UNI..
« Doh Kyung Soo !! မင်းနဲ့ငါ သူငယ်ချင်း မလုပ်နိုင်တော့ဘူး »
(၁၀)နှစ်သား Park Chanyeol လေးက ဆူးခနဲ့ အော်တယ်။စိတ်တိုလွန်းအားကြီးပြီး ရဲတတ်လာသည့်နားရွက်ကားကားလေးတွေကိုလည်း စိတ်ရှုပ်စွာ ပွတ်ဆွဲလိုက်သေးတယ်။သူမှာ သူငယ်ချင်းလေးတစ်ယောက် ရှိပါတယ်။အမြဲတမ်း စာပဲလုပ်နေပြီး သူကို ရှိသည့်မထင်ပါ။
«ဒါဆိုရင် ပြီးရောလေ »
စာအုပ် အထူးကြီးလက်မှာပိုက်ပြီး ချာခနဲ့လှည့်ထွက်လာခဲ့တယ်။ဆူထော်ချင်လာသည့်နှုတ်ခမ်းတွေကိုတော့ Chanyeol မမြင်အောင် သိမ်းဆည်းထားလိုက်တယ်။ပြီးမှ နှုတ်ခမ်းလှုပ်ရုံလေး ပြောလိုက်တယ်။အရူးကောင်။ငါက မင်းကို အာကာသအကြောင်းပြောပြဖို့ လာခဲ့တာ။
ခြံပေါက်ဝကနေ ချက်ချင်းလှည့်ထွက်သွားတဲ့Kyungsoo ကို ကြည့်ပြီး ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ရတယ်။သူလိုသူငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးသွားတာကို မနှမြောဘူးလား။နည်းနည်းလေး ပြောလိုက်တာနဲ့ နာခံတတ်တဲ့ အဲ့ဒီအကျင့်တွေကို မကြိုက်တာ။ပြီးတော့ ပြောသေးတယ်။အိမ်မက်က လယ်သမားတဲ့လေ။ရွာသေးသေးလေးမှာ လယ်စိုက်ရင်း ဘဝကို ဖြတ်သန်းမယ်ပြောခဲ့တဲ့ဒီသူငယ်ချင်းက သူနဲ့ နည်းနည်းလေးမှ မကိုက်ညီဘူး။အခုကတည်းက သူငယ်ချင်းသံယောဇဉ်ပြတ်သွားလည်း ကောင်းတယ်။
ဒါပေမယ့် သူ မရှိရင် ဒီသူငယ်ချင်းသေးသေးလေးကို ဘယ်သူ ကာကွယ်ပေးမလဲ။
တွေးကြည့်ရုံနှင့် နှုတ်ခမ်းလေးတွေ ကော်ညွှန့်သွားရတယ်။ Kyungsoo မှာ သူအပြင် ဘယ်သူမှ မရှိဘူး။ Kyungsoo လို ပျင်းစရာကောင်းတဲ့လူကို သူအပြင် ဘယ်သူမှမပေါင်းဘူး။
«မင်း ငါ့တန်ဖိုး ကောင်းကောင်းသိလိမ့်မယ် Kyungsoo »
အသက်မရွယ်နှင့်မလိုက် လေကြီးလေကျယ်
ပြောသောChanyeol မမြင်အောင် နှာခေါင်းရှုံ့လိုက်တယ်။ အရူးကောင် မင်းသာ ငါ့တန်ဖိုး သိမှာ။ငါ မရှိရင် မင်းကို အာကာသတွေအကြောင်းတွေ ဘယ်သူပြောပြမလဲ။Chanyeol ကို တစ်လမ်းလုံး ကျိန်ဆဲပြီး အိမ်ပြန်လာတဲ့လမ်းမှာ အချိန်အခါမဟုတ်ရွာသောမိုးကြောင့် KyungSoo မှာ ပြေးပုန်းစရာနေရာရှာရတယ်။
YOU ARE READING
FOREVER ONLY
Fanfictionမယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ်