UNI...
စဉ်းစားဖို့အချိန်ပေးထားပေမယ့် Kyungsoo က Chanyeol ကို ရှိသည်မထင်။စာသာ ဖိလုပ်နေသည်။မခေါ်မပြောနှင့် သူကို မြင်လျှင်လည်း မျက်နှာရဲရဲနှင့် ပတ်ပြေးတတ်သည်။
Kyungsoo အရှက်အကြောက်ကြီးတာ သိပေမယ့် ဒီလောက်ကြီးကျ မဟုတ်သေးဘူးလေ။သူမှာအကြွေးတောင်းနည်းကား အချစ်ကို လိုက်တောင်းနေရတယ်။
Kyungsoo ကို ဖမ်းဖို့အတွက် လမ်းထိပ်မှာ ထွက်စောင့်နေလိုက်တယ်။ကုပ်ချောင်းချောင်းနှင့် သူကို အခုနေ တစ်ယောက်ယောက်များမြင်ရင် သူခိုးဆိုပြီး ဝိုင်းရိုက်လောက်တယ်။
« Park Chanyeol!!»
«အမေရေ!!»
နားရွက်အနားကပ်၍ ပိတ်အော်လိုက်သောအသံဆိုးကြောင့် ဒူးထောက်လျက် မြေပြင်ပေါ် လှဲကျသွားရတယ်။ Oh Sehun !!! ဒီအရူးကောင် !!
« လူကောင်ကြီးနဲ့မလိုက် လန့်တတ်တာ လွန်းပါရော »
သူ မအော်ခင် Oh Sehun က အရင် ဖဲ့တယ်။ဘောင်းဘီပေါ် ပေနေတဲ့ဖုန့်တွေကို ခါပြီး Oh Sehun ကို ရင်ဘတ်ချင်းတိုက်ပြီး ငုံကြည့်လိုက်တယ်။ဒီကောင်ထက် အရပ်နှစ်စင်တီမီတာပိုရှည်တာ နှာတဖျားတတ်တာပဲ။
« အဲ့တော့ မင်းက ဘာလုပ်ချင်လဲ »
«ဖယ်။ငါ မင်းနဲ့ ဖက်ကိုက်ဖို့ မအားဘူး »
အတင်းတွန်းဖယ်နေတဲ့ Sehun ကိုကြည့်ပြီး အော်ရယ်မိတယ်။ဒီကောင် မြှားပစ်သမားဖြစ်ပြီး အားလည်း မသန်ဘူး။
« ဟေ့ကောင် ဖယ်။မဟုတ်ရင် တွေ့ရာ ကိုက်လိုက်ပစ်မှာ »
« မင်း မညစ်ပတ်နဲ့ အ့!! »
ပြောရင်း လက်မောင်းကို လာကိုက်တဲ့ခွေးပေါက်ရဲ့ကျောပြင်ကို ရိုက်ချပစ်လိုက်တယ်။နာသွားတာတောင် မလွှတ်တဲ့ဒကောင့်သားကို ဆံပင်မွှေးကနေ ဆွဲပြီး ဖယ်ခိုင်းလိုက်တော့ ကံမကောင်းထောက်မစွာ Kyungsoo က ရောက်လာခဲ့တယ်။
«အရူးကောင် Park Chanyeol!! ဘာလို့ Sehun ကို အနိုင်ကျင့်နေရတာလဲ »
လူကသာ သေးတယ်။အသံက ဆူးခနဲ့ပင်။
« Kyungsoo ငါ ...ငါ မဟုတ်ဘူး။ အဲ့ကောင် အရင်လုပ်တာ »
မျက်နှာငယ်လေးနှင့် Sehun ကို လက်ညှိုးထိုးပြလိုက်မှ အကြီးအကျယ် ဒုက္ခရောက်တော့တယ်။ Sehun ပုံစံက ရုပ်ပျက်ဆင်ပျက်နှင့် အင်္ကျီတွေကလည်း ရွဲ့စောင်းပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေတယ်။ဘယ်သူကြည့်ကြည့်၊အနိုင်ကျင့်ခံထားရတဲ့ရုပ်ပင်။
YOU ARE READING
FOREVER ONLY
Fanfictionမယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ်