UNI...
အားကစားချိန်မှာ Basketball သင်ပေးခဲ့သည့်ကို ကောက်နေဆဲ ချစ်သူလေးက သူကို မြင်လျှင် မျက်စောင်းတခဲခဲနှင့်။အကြောင်းက Basketball ကောင်းကောင်းဆော့တတ်အောင် မသင်ပေးလို့တဲ့လေ။
ဘယ်လိုချော့ချော့ မရသည့်အဆုံး စိတ်ဆိုးပြေရမဲ့အချိန်ကိုသာ ထိုင်စောင့်နေရတယ်။
« ရော့ ဗိုက်ဆာနေပြီလား »
ကျောပိုးအိတ်ထဲက Sehun မမြင်အောင်ဝှက်ထားတဲ့ပေါင်မုန့်လေးထုတ်ပေးလိုက်တော့ မငြင်းဘဲ ယူသွားလေတယ်။
စကားနှင့်မဟုတ်ဘဲ မျက်နှာအမှုအယာနှင့်သာ သူကို စိတ်ဆိုးနေတာဖြစ်တယ်။အတော်လေး ချစ်ဖို့ကောင်းပြီး အသည်းယားစရာလေးဖြစ်နေ၍ အကြည့်လွှဲလိုက်တယ်။မဟုတ်ရင် ကိုက်စားမိတော့မယ်။
« ဘာလိုလို စာမေးပွဲဖြေရတော့မယ် ။
မောင့်မွေးနေ့လည်း ရောက်တော့မယ် »ခပ်တိုးတိုးလေးပြောလိုက်တော့ မျက်လုံးလေးလှန်ပြီးကြည့်လာတယ်။တစ်ချက်ပြုံးရင် Kyungsoo အနားတိုးကပ်လိုက်တယ်။
« မောင်ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲ »
« အာရုံထဲမှာတောင် မရှိဘူး »
« ပြန်ပေး !! အဲ့ပေါင်မုန့် »
စားနေရင်း အလုခံလိုက်ရတော့ ဒေါသမျက်လုံးတွေနှင့် ကြည့်လာတယ်။အခုနေ အစာအတွက် ချစ်သူကိုသတ်ရဖို့အတွက်လည်း
Doh Kyungsooတို့ ဝန်မလေးမှ မဟုတ်ဘူး။« ပြန်ယူ...မောင်က စတာ ဟီး »
သွားလေးစိပြီးရယ်ပြလိုက်ရတယ်။
ဒီသေးသေးလေးက အလိုလိုက်ခံရတာများပြီး သူကို ကြောက်ရကောင်းမှန်းမသိတော့ဘူး။တစ်ခါတလေ သူကတောင် လူကြားထဲမှာ အော်သေးတယ်။ Park Chanyeol အရူးကောင် တဲ့လေ။
ချစ်သူဖြစ်ပြီးကတည်းက အလျော့ပေးလာတော့ ရှေ့လျှောက် Park Chanyeol တို့ ခိုင်းစားခံရဖို့ပဲ ရှိတော့တယ်။
ကိုယ့်အတွေးနှင့်ကိုယ့် တွေးပြီး ပြုံးကြည့်နေမိတော့ ပေါင်မုန့်လေး ထိုးပေးတယ်။
«စားချင်လို့လား »
«ဟင့်အင်း»
ခေါင်းခါပြီး ငြင်းလိုက်ရတယ်။ချစ်လို့ကြည့်တာကို မုန့်စားချင်နေတယ် မှတ်နေတယ် ။
YOU ARE READING
FOREVER ONLY
Fanfictionမယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ်