05

211 31 0
                                    

UNI...

သန့်ရှင်းရေးတာဝန်ကျ၍ ကျောင်းကို စောစောလာခဲ့ပြီး တစ်ခန်းလုံး သန့်ရှင်းရေးလုပ်အပြီးမှ ပြတင်းပေါက်ကနေတစ်ဆင့် ကျောင်းပေါက်ဝကို လှမ်းကြည့်လိုက်တယ်။ညက အကြောင်းတွေပြန်တွေးပြီး မျက်နှာရဲလာတာမို့ လက်နှင့်ယှက်ခတ်လိုက်ရသေးတယ်။ Park Chanyeol က သူကို တကယ်ချစ်တာတဲ့လေ။

အမြဲပျင်းစရာကောင်းတဲ့သူငယ်ချင်းလို့ပြောပြီးမှ ချစ်စကားလာပြောသည့်ကို မယုံနိုင်ဖြစ်ခဲ့ရသေးတယ်။အခုတော့ သူဆီက ယုံကြည်မှုတွေအကုန်လုံး Chanyeol က အပိုင်သိမ်းသွားပြီ။

« ဟင်  »

တွေးလို့ပင် မဆုံး။ကျောင်းဝန်းထဲ ပြေးလာတဲ့ Chanyeol ကို လှမ်းတွေ့လိုက်ရတယ်။တစ်ယောက်တည်းတော့ မဟုတ်။ဘေးနားမှာ ကောင်မလေးတစ်ယောက်ပါတယ်။

သူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ ပြုံးနေတာကို လက်ခံနိုင်ပေမယ့် ဒီလောက်ထိ ရယ်နေတာကျ လွန်လွန်းတယ် မဟုတ်လား။ညက သူကို ချစ်ပါတယ်ဆိုပြီး ရင်ခွင်ထဲအတင်းထည့်ခဲ့တဲ့သူက ဒီလောက်ထိ တစ်ခြားတစ်ယောက်နဲ့ ပြုံးနေတာ မဖြစ်သင့်ဘူး။ စိတ်ဆိုးသင့်တယ် မဟုတ်လား။

နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး မိုးမမြင်၊လေမမြင်‌ရယ်နေတဲ့နှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ပေးလိုက်တယ်။သူသာ နဂါးသာဆို နှစ်ယောက်လို ပြာကျနေလောက်ပြီ။

မြင်ကွင်းထဲက ပျောက်သွားပြီး မကြာပါ။ Chanyeol က အခန်းထဲ ရောက်လာတယ်။

« Hi Kyungsoo »

တမင်မသိချင်ယောင်ဆောင်ပြီး စာလုပ်နေလိုက်တယ်။

« ရော့ မင်းအတွက် »

စားပွဲပေါ်ရောက်လာတဲ့ အချိုရည်ဘူးကို အဖက်မလုပ်။လူကိုလည်း မော့မကြည့်နှင့် စာအုပ်ကို ပေါက်ထွက်မတတ်ကြည့်နေတဲ့အသည်းယားစရာလေးကို ‌ပြုံးကြည့်ရင်း ခေါင်းအနောက်လေးကို ပွတ်သတ်ပေးလိုက်တယ်။ညက ကိစ္စကို အခုထိ အရှက်သည်းနေတုန်းထင်ပါရဲ့။

« စာလုပ်တာကလည်း လုပ်ပေါ့။မင်းကိုကြိုက်‌နေတဲ့ငါကိုလည်း အဖက်လုပ်ပါဦး »

FOREVER ONLY Where stories live. Discover now