03

184 35 1
                                    


UNI...

အခုတလော လေ့ကျင့်ရေးနှင့်မအားသည့်ကြားမှ Sehun ရိပ်စာမိတယ်။ Chanyeol တစ်ယောက် ပြီတီတီလုပ်ပြီး Kyungsoo အနားမှာ ကပ်နေတာ သွေးရိုးသားရိုးတော့ မဟုတ်နိုင်။ဒီကောင် Kyungsoo ကို ကြိတ်ကြံနေတာဖြစ်ရမယ်။

« Chanyeol »

နောက်ဆုံးတန်းကလေ Kyungsoo ကိုမေ့ထောက်ပြီး ငေးနေတဲ့ကောင်ကို လှမ်းခေါ်လိုက်တယ်။

« Park Chanyeol »

တစ်ခွန်းမှာနှစ်ခွန်းဖြစ်လာတော့ စိတ်မရှည်တော့။ ခေါင်းကို လှမ်းရိုက်လိုက်တယ်။

« အ့ »

မေ့စေ့ အောက်ပြုတ်ကျသွားပြီး နာကျင်သွားတဲ့ခေါင်းကို ကိုင်ပြီး လှည့်ကြည့်လိုက်တော့ တရားခံက သူထင်ထားတဲ့အတိုင်း  Oh Sehun!! အရူးကောင်။

«ရူးနေလား Oh Sehun.. ငါ ဒီမှာ စာလိုက်ကြည့်နေတယ် »

«မင်း စာက Kyungsoo မျက်နှာမှာ ရှိနေတာလား»

တစ်ခွန်းတည်းနှင့် အသံတိတ်သွားတဲ့ကောင်ကို လက်အမှုအယာနှင့် သူ့အနား လာခိုင်းလိုက်တယ်။ထိုင်ခုံရွေ့ပြီး အနားတိုးလာတဲ့ Chanyeol က အခုနေ သူ ဘာခိုင်းခိုင်းလိုက်နာမဲ့ရုပ်လေး။

Kyungsoo ကို ခိုးကြည့်နေတာ သူဆီမှာ မိသွားလို့ ပြန်မတော်လှန်ရဲရှာဘူး။သနားစရာ Park Chanyeol လေး။

« မင်း Kyungsoo ကို ကြိုက်နေတာလား »

Chanyeol အနား တိုးတိုးလေးကပ်၍ မေးလိုက်တယ်။မျက်လုံးတွေ ထောင့်ကပ်သွားတဲ့ Chanyeol က ခဏနေမှ ခေါင်းခါပြတယ်။

« ဟင့်အင်း။ မဟုတ်ဘူး »

«ဒါဆို ဘာလို့ သူ့အနား အချိန်လုံးကပ်နေတာလဲ»

«ချစ်လို့လေ »

« ဘာ »

သူ့အသံကျယ်ကျယ်မထွက်ခင် Chanyeol က ပါးစပ်ကို အမြန်လာပိတ်ပေးတယ်။

« ရူးနေလား။ဘာလို့ အော်လိုက်တာလဲ »

«မင်းရော ရူးနေတာလား။ချစ်တာနဲ့ ကြိုက်တာ အတူတူပဲလေ »

«မတူဘူး အရူးကောင်ရ !  သေချာမှတ်ထား ။ချစ်တယ်ဆိုတဲ့စကားမှာ ‌မြတ်နိုးမှု၊ကြင်နာမှုတွေပါတယ်။ကြိုက်တာကျ ဒီအတိုင်း အ့ !! »

FOREVER ONLY Where stories live. Discover now