07

222 30 2
                                    

UNI...

« ဒေါ်လေး Kyungsoo နိုးပြီလား »

«ထုံးစံအတိုင်း အိပ်ကောင်းနေတယ်»

«ဒါဆို ကျွန်တော် သွားနိုးလိုက်မယ်နော် »

ဒေါ်လေးဆီက ဖြေသံမကြားခင် ပြေးထွက်လာခဲ့တယ်။ Park Chanyeol တို့က ဒီအခွင့်အရေးကို စောင့်နေခဲ့တာလေ။

ခြေတံရှည်အားကိုးနှင့် လှေကားထစ်တွေကို ကျော်ခွတတ်လာခဲ့တယ်။အခန်းတံခါးဆွဲဖွင့်လိုက်တော့ ထုံးစံအတိုင်း အိပ်ပုတ်လေးက မနိုးသေးပါ။ကုတင်အောက်မှာ ပြုတ်ကျနေတဲ့ အာကာသစာအုပ်ကို စားပွဲပေါ်တင်ပေးပြီးမှ ပုစွန်ထုပ်လေးဆီ လျှောက်သွားလိုက်တယ်။ပြီးတော့ ခြုံထားတဲ့စောင်ကို ဆွဲယူပြီး...

« Kyungsoo ထမှာလား »

အိပ်ပုတ်လေးက တုပ်တုပ်မလှုပ် ငြိမ်နေတယ်။

« မထသေးရင် ဟိုဘက်တိုး။မောင် စောင်ထဲ ဝင်ခဲ့မို့ »

အိပ်နေသူက မျက်လုံးမဖွင့်။နေရာ ဖယ်ပေးတယ်။စောင်ထဲဝင်ပြီး Kyungsoo ကိုယ်လုံးလေးကို တင်းနေအောင်ဖက်လိုက်တော့ သူ့ခါးကိုဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာတယ်။

စိတ်ရှိလို့သာ မနက်ခင်းအစောကြီး ထပြီး Kyungsoo ဆီလာခဲ့တာ။သူလည်း နေဖင်ထိုးအောင် အိပ်ချင်သေးတယ်။

ရင်ခွင်ထဲက ကိုယ်လုံးသေးသေးလေးကို ငုံနမ်းပြီး မျက်လုံးတွေမှိတ်လိုက်တော့ အိမ်မက်ကမ္ဘာထဲကို အလိုလိုရောက်သွားခဲ့တယ်။

« Chanyeol...ထ »

လက်မောင်းရင်းကို လှုပ်နိုးနေတဲ့အထိအတွေ့လေး။အသိဆိုပေမယ့် မျက်လုံးက ဖွင့်မရ။သူ အိပ်ရေးပျက်ထားတဲ့ရက်တွေ များနေပြီ။

« ထဆို..အရူးကောင်ရဲ့ »

ရင်ဘတ်ကို ထုပစ်လိုက်တာ အင့်ခနဲ့ပင်။အရူးလေး အိပ်နေတဲ့သူကို ကြင်ကြင်နာနာအနမ်းပေးပြီး မနိုးဘူး။

« မထလည်းနေ ငါ ရေချိုးတော့မယ် »

ရင်ခွင်ထဲက ကုန်းရုန်းထသွားသူကို လက်မှ ဆွဲချလိုက်တော့ သူ့ရင်ခွင်ပေါ်  ပြိုကျလာတယ်။လန့်သွားသူက ရန်ထောင်ဖို့လည်း မမေ့။သူ့နားရွက်ကားကားတွေကို လှမ်းဆွဲလို့ စိတ်ဆိုးပြသေးတယ်။

FOREVER ONLY Where stories live. Discover now