Uncut (or) Extra

324 41 9
                                    

UNI...

Uncut

စိတ်ဆိုးပြီး ထွက်သွားသော Chanyeol ကြောင့် နေမထိ၊ထိုင်မသာဖြစ်ရတယ်။စိတ်ကောက်လျှင်လည်း ကလေးကြီးတစ်ယောက်လိုပဲ။ပြီးရင် သူမဟုတ်သလို လာခေါ်တတ်တယ်။

ခါတိုင်းလည်း စိတ်ဆိုး၊စိတ်ကောက်နေကျဆိုပေမယ့် ဒီနေ့မှ Chanyeol မျက်နှာကိုကြည့်ပြီး သနားစိတ်ဝင်လာတယ်။ဒူးခေါင်းနာနေသည့်ကြားမှ Sehun ကို ဦးစားပေးလိုက်လို့ စိတ်မကောင်းဖြစ်သွားပုံရတယ်။

ပြီးတော့ ဆေးလိပ်။အဲ့မကောင်းတဲ့ဆေးလိပ်တွေသောက်နေရင်း ဘယ်လိုလုပ်မလဲ။

« Kyungsoo..အနာက ဒီမှာ »

နေရာမှားပြီးဆေးလိမ်းနေတဲ့ Kyungsoo ကို လှမ်းသတိပေးလိုက်တယ်။အသိစိတ်တွေက Park Chanyeol နောက်လိုက်သွားတာလား မသိဘူး။တကယ်ပဲ ရန်ဖြစ်တိုင်း ပြန်ချစ်လိုက်လုပ်နေတဲ့ ဒီကြင်စဦးဇနီးမောင်နှံနဲ့ စိတ်ညစ်တယ်။

« Park Chanyeol အဲ့ကောင်။ခေါင်မိုးထပ်သွားတာ။သူမှာ တစ်ခြားသွားစရာနေရာ မရှိဘူး »

Kyungsoo မျက်လုံးလေးတွေ အရောင်တောက်သွားတယ်။

«ငါ..သူနောက် လိုက်သွားဦးမယ် »

Sehun ကို ဆေးလိမ်ပြီးသည့်နှင့် ပြေးထွက်လာခဲ့တယ်။ပြီးတော့ တစ်ခါမှ မလာဖူးသည့်ခေါင်မိုးထပ်ကို အရဲစွန့်ပြီး တတ်လာခဲ့ရတယ်။

★"★"

Sehun ခေါ်ရာနောက်ကို အသက်မပါသလို လိုက်ခဲ့တယ်။ဟုတ်တယ်။ Sehun ပြောသလိုပဲ Chanyeol က သူကို ပျင်းစရာကောင်းတဲ့သူဆိုပြီး အမြဲပြောတယ်။ Chanyeol နဲ့ဆက်ပြီးခင်ချင်ပေမယ့် Sehun က စကားအကုန်ပြောခဲ့ပြီမို့ သူကို Chanyeol စကားလာပြောတော့မှ မဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် Chanyeol က သူကို တစ်နေ့နေ့မှာ သူငယ်ချင်းအဖြစ်က စွန့်ပစ်မှာပဲ။ဝမ်းနည်းစရာမလိုပါဘူး။

« Kyungsoo ငိုနေတာလား »

«ဟင့်အင်း »

ခေါင်းလေးခါပြီး ပြုံးပြလိုက်တယ်။သူ မငိုပါဘူး။ Chanyeol က တစ်လျှောက်လုံး ကာကွယ်ပေးခဲ့တယ် မဟုတ်လား။

«အဲ့ကောင်က ခဏပဲ။ပြီးရင် မင်းကို လာခေါ်လိမ့်မယ် »

«....»

FOREVER ONLY Where stories live. Discover now