Trigger warning : ရှေ့ Chapterတွေမှာလည်း တခန်းပြီးတခန်းမှာ၊ စိတ်သောကပါးပါးလေးတွေ တမျိုးမဟုတ်တမျိုး ပေးလာခဲ့ပြီးတော့ ဒီအခန်းမှာလည်း ထိုနည်းနှင်နှင်ပါပဲ။
ဒါပေမဲ့ ပြင်ပအကြောင်းတစုံတရာကြောင့် ဒီနေ့ စိတ်ညစ်ညူးနေခဲ့ရင်၊ ပင်ပန်းနေခဲ့ရင် ဒီ Chapterကို 'လုံးဝ'မဖတ်ဖို့ပဲ သတိပေးချင်ပါတယ်။
အရမ်းဆိုးဝါးသလားဆိုတော့၊ အဲ့သလောက်တော့လည်း မဟုတ်ပေမဲ့ ရှေ့မှာလည်း ပင်ပန်းတာတွေဖတ်လာရပြီးတော့ ဒီအခန်းမှာ ပိုပြီးပင်ပန်းသွားမလားမပြောနိုင်လို့ပါ။
ကျွန်တော်က ရေးတဲ့သူမို့ ပင်ပန်းစရာတွေကို စာလုံးတွေထဲ အသွင်ပြောင်းထည့်လိုက်လို့ရပေမဲ့ ဖတ်တဲ့သူကကျ အဲဒါကို ပြန်လက်ခံရမှာမို့ ဒီနေ့ ပင်ပန်းနေရင်၊
ဒီ updateရဲ့notiတက်ရင် ဒီနားအထိပဲဖတ်ပြီး လှည့်ပြန်သွားပေးပါနော်။Media panelမှာ သီချင်းတပုဒ် ထည့်ပေးထားပါတယ်နော်။
You're cold by Heizeပါ။------------------------------------------------------
Chapter (15), Part (1)
အဝေးဆီတွင် လှမ်းမြင်နေရသော အရှေ့အရပ်က 'သာခို'တောင်တန်းကြီးသည် မှိုင်းပြာနေပြီး တောင်ထိပ်ဖျားတို့၌ မြူပုဝါက ခပ်ပါးပါးဆိုင်းနေ၏။
တိမ်စတို့ကင်းစင်လုလုကောင်းကင်ပြာအောက်တွင် တက္ကသိုလ်ဝင်းကြီးသည် ငြိမ်သက်လျက်။ အောက်ထပ်ရှိစာသင်ခန်းများ၊ ကော်ရစ်ဒါများနှင့် ပင်မဆောင်အလယ်မြက်ခင်းပြင်တို့တွင်တော့ ကျောင်းသူကျောင်းသားတွေ ခြေချင်းလိမ်နေကြသည်။ စုဝေးခန်းမအတွင်းတွင်လည်း နေရာမလွတ်စေရ။ Dance Clubအဖွဲ့ဝင်များ အကတိုက်နေကြသည့် ကိုရီးယားသီချင်းသံတို့သည် sound boxအကူအညီဖြင့် အသံကျယ်လောင်စွာ မြူးမြူးကြွကြွပျံ့နှံ့လျက်ရှိသည်။
သို့သော် ခေါင်မိုးထပ်၌မူ အောက်ဆုံးထပ်နှင့် အနည်းငယ်ခြားနားစွာရှိနေ၏။ စုဝေးခန်းမဆီမှ ဖွင့်သမျှသောသီချင်းသံတချို့အား လေပြည်သယ်ဆောင်လာလျှင် ခပ်သဲ့သဲ့ကြားရရုံမှလွဲပြီး တိတ်ဆိတ်နေပါသည်။
နေလက်ရုံးသည် ငိုသံ (သို့မဟုတ်) တောက်ခတ်သံ တခုခုဖြစ်ဖြစ်မထွက်မိအောင် နှုတ်ခမ်းနှစ်လွှာအား တင်းတင်းစေ့ထား၏။
YOU ARE READING
ပျားရည်မြစ် (Those Bygone Years)
Teen Fiction"ဒီလိုကွာ... ဘဝမှာလေ .. မသေသေးသမျှ နေပေးရမှာပဲ၊ အဆင်ပြေရုံလေးပဲဆိုတဲ့ အဲ့ဒီစိတ်ကနေ .. စားဖူးချင်တဲ့ အစားအစာ၊ သွားဖူးချင်တဲ့ တနေရာရာ၊ ဒါမှမဟုတ်.. တခါလောက်ပဲဖြစ်ဖြစ် အရဲစွန့်ချဉ်းကပ်ချင်မိတဲ့လူ ဒါတွေရှိလာတဲ့အခါ ရုတ်တရက်ကြီး 'ငါတော့ ကျန်းမာနေမှဖြစ်မယ်၊...