"ဒီနှစ် ဘောလုံးကန်မှာလား"
"ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ ×××
အမြဲပြောင်းလဲတတ်လေ၏ ×××
ကျုပ်အကြောင်းကြားပြီးရင် ခင်ဗျားတို့စဉ်းစားကြည့်"နေလက်ရုံးသည် ဖုန်းထဲမှ ကျယ်ကျယ်လောင်လောင်ဖွင့်ထားသောသီချင်းအား နားကြပ်တပ်မြဲအနေအထားအတိုင်း နှုတ်မှလိုက်ဆိုနေသဖြင့် စောသီဟ၏မေးခွန်းအား ချက်ချင်းမကြားလိုက်။ ကန်တင်းကလည်း ဆူညံနေသည်မို့ နားကြပ်တပ်မထားလျှင်ပင် သာမန်အသံတိုးတိုးအား တော်ရုံနှင့် မကြားသာပေ။
စောသီဟက များသောအားဖြင့် စကားကို မပွင့်တပွင့်ပြောတတ်သူဖြစ်လေရာ သည်လိုအချိန်မျိုးတွင် သူစကားပြောလျှင်၊ ကြားနိုင်စေဖို့ တဖက်မှနားထောင်သူက အနည်းငယ်တော့ ပို၍အာရုံစိုက်ရတတ်သည်။
"နွား.. မင်းကို ကိုစော ခေါ်နေတာ"
ဇော်လင်းဆွေက ထိုသို့သောအမည်နာမနှင့်အတူ ကပ်လျက်ခုံတွင်ထိုင်နေသည့် နေလက်ရုံး၏ပခုံးအား သူ့ပခုံးဖြင့် ဝင်တိုက်ပေးလိုက်၏။ ထိုအခါမှ နေလက်ရုံးသည် နားမှနားကြပ်ကိုဆွဲဖြုတ်ကာ စောသီဟနှင့် ဇော်လင်းဆွေ၏မျက်နှာတို့အား တလှည့်စီကြည့်သည်။ သူ့အကြည့်၊ သူ့မျက်နှာပေးသည် လွန်ခဲ့သည့်နှစ်မိနစ်ခန့်က မည်သည့်စကားကိုမျှ မကြားလိုက်ရပါဘူးဟု ရိုးရှင်းစွာ သရုပ်ဖော်နေလေသည်။
နေ ။ ။ ဟင် ဘာလဲ
စော ။ ။ ဒီနှစ် ဘောလုံးဝင်ကန်မလားလို့ မေးတာ
သူတို့ကျောင်းတွင် မကြာမီရက်ပိုင်းအတွင်း ပါမောက္ခချုပ်မှကြီးမှူးကျင်းပသော မေဂျာအသီးသီး၏ အားကစားပြိုင်ပွဲတွေအတွက် trainingကာလ စတင်တော့မည်ဖြစ်သည်။ ဘောလုံး၊ ကြက်တောင်၊ volleyballနှင့် table tennisစသည့် အားကစားအမျိုးအစားများအား ယှဉ်ပြိုင်ကျင်းပကြပြီး ကျောင်းသားတွေကတော့ ထိုအားကစားပြိုင်ပွဲများ၏ ဆုဖလားအား 'ပါချုပ်ဖလား'ဟုပင် အလွယ်တကူခေါ်ကြ၏။ စာသင်နှစ်အစပိုင်းတွင် အားကစားtraining ဆင်းကြသည့် ကျောင်းသူကျောင်းသားတို့ဖြင့် မနက်စောစောများနှင့် ညနေခင်းတိုင်း စည်ကားစွာ လှုပ်ရှားလာဦးမည်မှာ မလွဲမသွေပင်။
YOU ARE READING
ပျားရည်မြစ် (Those Bygone Years)
Teen Fiction"ဒီလိုကွာ... ဘဝမှာလေ .. မသေသေးသမျှ နေပေးရမှာပဲ၊ အဆင်ပြေရုံလေးပဲဆိုတဲ့ အဲ့ဒီစိတ်ကနေ .. စားဖူးချင်တဲ့ အစားအစာ၊ သွားဖူးချင်တဲ့ တနေရာရာ၊ ဒါမှမဟုတ်.. တခါလောက်ပဲဖြစ်ဖြစ် အရဲစွန့်ချဉ်းကပ်ချင်မိတဲ့လူ ဒါတွေရှိလာတဲ့အခါ ရုတ်တရက်ကြီး 'ငါတော့ ကျန်းမာနေမှဖြစ်မယ်၊...