အပိုင်း - ၁

448 25 1
                                    

....

"ရူထို"

ကိုကို့အသံသည် အက်ရှရှ။
နီမြန်း​နေ​သောမျက်ဝန်း​ထောင့်များနှင့် ရဲ​နေ​သော
မျက်ဆံသားများသည် မကြာ​သေးခင်ကပင်
ကိုကို ငို​ကြွေးခဲ့​ကြောင်း ​ဖော်ပြလို့​နေသည်။
သူ့အား​မော့ကြည့်​နေ​သော ကိုကို့မျက်ဝန်းများတွင်
မျက်ရည်ကြည်တချို့ ရစ်သိုင်းလို့ လာပြန်သည်။

"ကိုကို"

ကိုကို့အား ​ထွေး​ပွေ့ပစ်လိုက်ချင်​သောစိတ်ကို အနိုင်နိုင်
ချုပ်တည်း​ရင်း ဟာရူထိုသည် ကိုကို ထိုင်​နေ​သော
ခုံတန်း​လေး​ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။
အနည်းငယ်တုန်ရင်​နေ​သော ကိုကို့လက်ဖျား​လေး​တွေကို
​ထွေးဆုပ်ရင်း ဟာရူထို ငိုချင်လာရသည်။

"က​လေး​လေးကို ဆုံးရှုံးလိုက်ရပြီတဲ့ ။ ဆူယွန်းကလည်း
ခွဲစိတ်ခန်းထဲမှာပဲ ရှိ​သေးတယ် ။ ရူထို​ရယ်..
ကိုကို ဘာလုပ်ရမလဲဟင် "

ကိုကို့​မေးခွန်းကို သူမ​ဖြေနိုင် ။ ကိုကို့နာကျင်မှု အတိုင်းအတာကို နားလည်သူမို့ အားလုံးအဆင်​ပြေသွားမှာပါ လို့​ပြောပြီးလည်း သူ  ကိုကို့ကို မနှစ်သိမ့်ရက် ။
ကိုကို့ ဝမ်းနည်းမှု ​တွေ​ပြေ​ပျောက်သွားသည်အထိသာ
ကိုကို့ကို ထွေး​ပွေ့ထားချင်မိသည်။

"လူနာရှင်.. ဂင်ဂျွန်ဂယူ "

"ဟုတ်ကဲ့"

ခွဲစိတ်ခန်းက ထွက်လာ​သောတာဝန်ကျဆရာဝန်ဖြစ်မည်ထင်သည်။ ကိုကို့နာမည်​ခေါ်ကာ အနားလာရပ်ခါမှ
ဟာရူထို လည်း မတ်တပ်ရပ်​မိ​တော့သည်။

"လူနာကို အခုလက်ရှိသားအိမ်ခြစ်ထားပြီးပါပြီ။
စိုးရိမ်စရာမရှိ​တော့ပါဘူး ။ ​နောက်နှစ်ရက်​​လောက်စောင့်ကြည့်ပြီးရင် ဆေးရုံဆင်းနိုင်မှပါ။ "

"ဟုတ်ကဲ့ ။ ​ကျေးဇူးတင်ပါတယ် ဆရာ "

  ကိုကို လူနာခန်းထဲဝင်သွားချိန်မှာ အလိုက်တသိပဲ
သူ လိုက်မဝင်ဖြစ်ခဲ့ ။ အချိန်အရ  ကိုကိုမနက်စာ စားပြီးပုံ မရတာမို့ စားစရာ တစ်ခုခု ဝယ်​ပေးခဲ့ဖို့ ​တွေးရင်းသူထွက်လာသည်။ ​ဆေးရုံအဝတွင် အ​လောတ​ကြီး​
ပြေးဝင်လာ​သော ကိုကို့​ယောက္ခမကို ​တွေ့သည်မို့
အကွယ်တွင် ခဏရပ်ကာ ​မမြင်ချင်​ယောင်​ဆောင်
ရှောင်မိသည် ။ သူသည် အမြဲတ​​စေလိုလို ကိုကို့အိမ်​ထောင်နှင့်ပတ်သတ်​သော ကိစ္စများတွင် လက်​ရှောင်ဖြစ်ခဲ့သည်။ ကိုကိုနဲ့ သူ၏ ခင်မင်သိကျွမ်းမှုအတိုင်းအတာအရ မရီးဟု​ပင်ခေါ်နိုင်​သော ကိုကို့အမျိုးသမီးနဲ့လည်း
ဟာရူထို မရင်းနှီးသလို ရင်းနှီးချင်စိတ်လည်းမရှိခဲ့ ။

အချစ်ဦးWhere stories live. Discover now