အပိုင်း - ၄

196 19 2
                                    


       "ကိုကို ဘာလို့ခုထိ ဒီပုံ​တွေကို သိမ်းထား​နေသေးတာလဲ သွား​တော့.. အကုန် ဖျက်ပစ်မယ် "

ဟာရူထိုသည် ကိုကို့အား အလိုမကျစွာ ငြူစူမိသည်။ ဘယ်​လောက်ဆိုးလိုက်တဲ့ ကိုကိုလဲ ။
ကြည့်ပါဦး ။ရူထို အထက်တန်း​နောက်ဆုံးနှစ်က
ကိုကို့အားပို့​ပေးခဲ့သည့် ရည်းစားထည်လဲ ပုံ​တွေကို ကိုကိုက ခုထိ သိမ်းထား​သည်တဲ့ ။

      "ဘာကိုဖျက်ပစ်ရမှာလဲ.. ​ပေး ဒီကို
မင်း.. တကယ်ချစ်တဲ့လူ​တွေ့တဲ့အခါကျ သူ့ကိုဒီပုံ​တွေပြပြီး မင်းကို အနိုင်ကျင့်ဖို့ သိမ်းထားတာ"

     ကိုကိုသည် ​ပြောရင်းဆိုရင်း ဟာရူထို့ လက်ထဲက
ကိုကို့ mac book ကို ဆွဲလုသွားသည် ။ ~မင်းတကယ်ချစ်တဲ့လူ ​တွေ့ရင်တဲ့လား ~ ။ ဟာရူထိုပြုံးမိပါသည် ။ ဒီပုံ​တွေကို ခုထိ သိမ်းထားတဲ့ သူကပဲ
ဟာရူတကယ်ချစ်ရတဲ့လူမှန်း ကိုကိုက​တော့ မသိရှာ ။
အဲ့အချိန်တုန်းက စိတ်​​လေပြီး ရည်းစား​တွေထားခဲ့သည်။ ရည်းစားထားချင်စိတ်ထက် ကိုကို့အား ပုံ​တွေ
ပို့​ပေးချင်စိတ်က ပိုများပြီး တွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
ကိုကို့အား သဝန်တိုစိတ်က ထုနဲ့ထည်နဲ့များပြားခဲ့ပြီး
ရင်ပူခဲ့ရခြင်းကို ​ဖြေ​ဖျောက်ဖို့အတွက် ကိုကို့အား
သူ အရွဲ့တိုက်ခဲ့သည် ။ သူဘယ်​လောက်ပဲ အရွဲ့တိုက်ပါ​စေ ကိုကိုမှာတော့ ဘာမှ ခံစားခဲ့ရပုံမ​ပေါ် ။ ကိုကို့အ​ပေါ်အမှားများစွာကျူးလွန်ခဲ့​ပေမယ့် ကိုကို့က​တော့
ကိုကို့အချစ်ဦး အင်ဆူယွန်းနဲ့သာ လက်ထပ်ဖြစ်တဲ့အထိ လမ်း​ဖြောင့်​ဖြောင့်​လျှောက်ခဲ့သည်။ ​နောက်ဆုံး
အင်ဆူယွန်း ကိုကို့ကိုမ​ဖောက်ပြန်ခင်အချိန်ထိ ကိုကို့မှာ
အဲ့ဒိ အမျိုးသမီးသာရှိခဲ့သည် ။

   "ရူထို အခုထိ အတည်တကျတွဲမယ့်လူ မ​တွေ့​သေးဘူးလား .. ကိစ္စ​တော့မရှိပါဘူး ငါတို့ရူထိုက
အခုထိ ငယ်ငယ်​လေးရှိ​သေးတာပဲကို "

       "​မတွေ့​ချင်တော့ပါဘူး ကိုကိုရယ်..
ကျွန်​တော် တကယ်ချစ်တဲ့လူက ​တွေ့ပြီးပြီ​လေ..
ကျွန်​တော်မဖမ်းဆုပ်တတ်လို့ လက်လွှတ်လိုက်ရပြီးပြီ ။ ကျွန်​တော်ကလည်း သူမှ မဟုတ်ရင် မရဘူး​ ကိုကိုရဲ့ "

အချစ်ဦးWhere stories live. Discover now