အပိုင်း - ၅

210 17 2
                                    


    ဟာရူထိုသည် မျက်လုံးများ ကျိန်းစပ်ပြီးမဖွင့်နိုင်။
​ခေါင်းထဲတွင် တဆစ်ဆစ်ထိုးကိုက်​နေပြီး နားထဲတွင်လည်း ​လေထွက်သံ​တွေက တဝီဝီ ။ အာ​ခေါင်​ခြောက်ကပ်လို့ ရင်​တွေကလည်း ပူလှသည်။ မ​နေ့ကကိုကိုနဲ့ စကားများပြီး ထွက်လာ​တော့ ​မှောင်စပျိုး​နေပြီ။ စိတ်ညစ်ညစ်နဲ့ မြစ်ကမ်း​ဘေးမှာ သွားထိုင်သည်။
နှင်း​တွေ တဖွဲဖွဲ ကျ​နေသည့်ကြားက ​ပေကပ်ပြီး
ငုတ်တုတ်ထိုင်​နေခဲ့တာ ဖြစ်သည် ။ ပြီး​တော့ အရက်ဝယ်ကာ အိမ်မှာ ပြန်​​သောက်သည် ။
      
       အခု​မိုးလင်းတော့ အရက်နာကျခြင်းနဲ့အတူ
အ​အေးပါ မိသွားပုံရသည် ။ ဒီလုပ်ရပ်​တွေအကုန်လုံးက ဘာအဓိပ္ပါယ်မှ မရှိမှန်းသူသိသည် ​။ သူ့စိတ်​တွေက ဘာတစ်ခုမှကို အာရုံစိုက်မရ​အောင် ထွေပြားလွန်း​နေတာမို့ အ​အေး​တောထဲမှာ သတိလက်လွတ် ထိုင်​နေခဲ့မိသည် ။ ကိုကို့ကို သူချစ်သည်။ ကိုကို့ဘက်က တုံ့ပြန်ချစ်တာကိုလည်း သူလိုချင်သည် ။ ဒီလိုဆန္ဒ​တွေက မှားများ​နေတာလားဟု သူတစ်ညလုံး ​တွေး​​နေခဲ့မိသည် ။ဆန္ဒ​တွေက မမှားယွင်းပေမဲ့ လုပ်ရပ်​တွေက​တော့ အမြဲလွဲ​ချော်​နေခဲ့သည် ။သူသည် ကိုကို့နှလုံးသားကို ဘယ်​တုန်းကမှ
မဖမ်းဆုပ်နိုင်ခဲ့ ။

       လွန်ခဲ့သည့် ရက်သတ္တပတ်​တွေတုန်းက​တော့
ဟာရူထိုသည် ​ပျော်​ပျော်ရွှင်ရွှင် ။ ရင်ခုန်မှု​တွေ ၊
​မျှော်လင့်ချက်​တွေနဲ့ ကြည်နူး​နေခဲ့သည် ။အခု​တော့
အိမ်မက်က​နေ နိုးထခဲ့ရပြန်သည်။ ကိုကို့ကို
တစ်​ယောက်တည်း မထားခဲ့ချင်​ပေမယ့် သူထွက်သွားမှရ​တော့မည် ။ ​ဝေး​ဝေးက​နေပဲ စောင့်​ရှောက်ရင်း
သူ့နှလုံးသားကို အနား​ပေးရမည် ။ ဒီအတိုင်း
ကိုကို့အနားမှာဆက်​နေဖို့ သူမတတ်နိုင်​တော့ ။ ကိုကို့ကို
လွတ်လပ်သူတစ်​ယောက်အဖြစ်နဲ့ မြင်ရ​တော့
မျိုသိပ်ထားခဲ့တဲ့ သူ့ခံစားချက်​တွေက ပြန်​ပေါ်လာခဲ့သည်။ ​တ​နေ့ပြီးတ​နေ့ ​နေလာရင်း သူ့​လောဘ​တွေက ကြီးထွားလာခဲ့သည် ။ကိုကို့အား ပိုင်ဆိုင်ချင်စိတ်​တွေ
များလာသည်။ ကိုကို့အချစ်ကို ပိုပြီး တပ်မက်လာသည်။
ဒါ​တွေကို ထိန်းချုပ်ဖို့ဆို ကိုကိုနဲ့သူ​ဝေး​နေမှသာ
ဖြစ်​တော့မည် ။

အချစ်ဦးWhere stories live. Discover now