ဇာတ်သိမ်း

358 26 12
                                    


ဂျွန်ဂယူသည် လုံးဝကို နိုး​နေပြီဖြစ်​သော်လည်း အိပ်ရာမှ မထချင်​သေး​ပေ ။ ​နွေး​ထွေးလှတဲ့ ရူထို့ရင်ခွင်ကျယ်ကြီးက သူ့ကို အ​နောက်က​နေ အုပ်မိုး
သိုင်းဖက်ထားတာမို့ ဂျွန်ဂယူ့မှာအိပ်ရာထဲမှာပဲ
ခွေ​ခေါက်​နေချင်မိသည်။ ​ဂျွန်ဂယူ အငြိမ်မ​နေဘဲ
တစ်ချက်လှုပ်လိုက်တိုင်း ရူထိုက တစ်ချက်တင်းပြီး
ဖက်တာမို့ သူ့လိုပဲ ရူထိုကလည်း နိုးနေ​ပေမယ့် မထချင်ဘူး ထင်သည် ။ ညက အချစ်ပွဲ​လေး နွှဲထားတာမို့ .. ​စောင်​အောက်က သူတို့ ခန္ဓါကိုယ်နှစ်ခုလုံးမှာ အဝတ်အစားမရှိ ​။ ဂျွန်ဂယူ နည်းနည်းရှက်မိ​ပေမယ့်
တစ်ဖက်မှာလည်း အဝတ်အစားမကပ်ချိန် ရူထိုနဲ့
ဖက်တွယ်ထားရတာကို အလွန်နှစ်ခြိုက်မိသည်။

" ကိုကို "

" ဟင် "

"ဒီကို ​ပြောင်းလာ​နေပါလားဟင် ...
အတူတူ​ တစ်အိမ်တည်းနေချင်တယ် ကိုကိုရယ် "

ဂျွန်ဂယူ့၏ ချစ်သူသက်တမ်းတစ်ပတ်သာ
ရှိ​သော ရည်းစား​လေးသည် အတူတူ​နေကြဖို့
​တောင်းဆို ​နေသည် ။ ရူထို၏ မူရင်းအသံဩဩ​​လေးသည်အိပ်ရာနိုးခါစမို့ ပိုလို့​တောင် ဩရှ​နေ​သေးသည်။
တန်းပြီး ​ခေါင်းညိတ်ချင်စရာ​ကောင်း​လောက်​​အောင်ပင်ထိုအသံ​လေးက ဂျွန်ဂယူ့အတွက် ဆွဲ​ဆောင်မှုရှိလွန်းလှ
သည်။ ​လေးနှစ်ငယ်​သော ​ကောင်က​လေးအ​ပေါ်
ချွဲချင်​နေ​သော ဂျွန်ဂယူသည် အမူပိုစွာပင် ငြင်းဆိုလိုက်သည်။

" မရဘူး မ​နေချင်​သေးဘူး ..
ရည်းစားသက်တမ်း တစ်နှစ်ပြည့်မှ တစ်အိမ်တည်း
​နေမယ် "

"ဟာကွာ... ကိုကိုကလည်း... ကျွန်​တော်
ခွဲမ​နေချင်​တော့ဘူး သိရဲ့လား .. "

ဂျွန်ဂယူသည် ရည်းစား​လေး၏ အကဲပိုမှုကို
​​ပျော်ရွှင်စွာဖြင့် ရယ်မိသည် ။ ရည်းစား​လေးက​တော့
ဂျွန်ဂယူ့ကို နည်းနည်းကြာ​အောင်​တောင် ​ရယ်ခွင့်
မ​ပေးပါ။ ဂျွန်ဂယူရဲ့​တင်ပါး​လေး ကို အားပါပါ ဖြစ်ညှစ်ဆုပ်နယ်ပြီး ​ပေါင်တံတစ်​လျှောက်ကိုလည်း ပွတ်သပ်လာ​တော့ ဂျွန်ဂယူ့မှာ ရယ်သံ​တွေအစား ညည်းညူသံ​တွေသာ ထွက်လာရ​တော့ သည် ။ ရူထိုက ဂျွန်ဂယူ့နားရွက်ဖျားကို ခပ်ဖွဖွ လျက်သည် ။ လက်တစ်ဖက်က သူ့ရင်ဘတ်ကို ပွတ်သပ်လို့ ​​ချေ​မွသည်။

အချစ်ဦးWhere stories live. Discover now