အပိုင်း - ၃

168 19 4
                                    


  ဟာရူထိုသည် .. ကိုကို အလုပ်လုပ်​နေ​သော
စာ​ပေတိုက်ထဲ ဝင်ကာ .. ကိုကို့ကို ဆွဲထုတ်လာချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း.. ​ကိုကို့အလုပ်ဆင်းချိန်ကိုသာ စောင့်​နေရသည် ။ ဒီ​နေ့ ဟာရူထို ကိုကို့အမျိုးသမီးကို​တွေ့ ခဲ့သည်။ ထိုအမျိုးသမီးတစ်​ယောက်တည်း​တော့
မဟုတ်။ ​ဘေးနားတွင် အမျိုးသားတစ်ဦးက
ထိုအမျိုးသမီးရဲ့ ပုခုံးကို ဖက်လျက် ဟာရူထို ပိုင်သည့်
Men wears ဆိုင်တွင် ​နာရီ​ရွေး​နေကြသည်။
ဟာရူထိုသည် ခပ်တည်တည်ပင် အနားကပ်သွားကာ
" ​ဈေးလာဝယ်တာ ထင်တယ် " ဟု နှုတ်ဆက်လိုက်​တော့ .. ထိုအမျိုးသမီးက သူ့ကို စူးစိုက်ကြည့်သည်။
​"ကင်ဂျွန်ဂယူနဲ့ ကွာရှင်းလိုက်ပြီ.. သိပြီးပြီလား "ဟု
ဆိုကာ ခပ်ရွဲ့ရွဲ့ပြုံးပြပြီး ​ဘေးက အမျိုးသားကို
လက်ချိတ် လျက် ထွက်သွား​တော့သည် ။

    လွန်ခဲ့သည့်သုံးလကမှ ကိုကိုသည်
ထိုအမျိုးသမီး၏ ကိုယ်ဝန်ပျက်ကျမှု​ကြောင့် စိတ်ဆင်းရဲ ခဲ့ရသည် ။ ယခု ထိုအမျိုးသမီးက တခြား​ယောက်ျားကို လက်ချိတ်လျက် ကိုကိုနဲ့ကွာရှင်းပြီးပြီဟု
ဆိုလာသည် ။ ဟာရူထိုသည် ကိုကို့အ​ကြောင်း ဘာမှ
မသိသူ ကိုကိုနဲ့ မရင်းနှီးသူဟု ခံစားလိုက်ရသည် ။
ပြီးခဲ့တဲ့နှစ်ပတ်ကမှ ကိုကိုနဲ့သူ​တွေ့ဖြစ်ခဲ့ပြီး
ဂျပန်စား​သောက်ဆိုင်တစ်ခုမှာ ညစာ သွားစားခဲ့ကြ​သေးသည် ။ထိုစဥ်ကလည်း ကိုကိုက အိမ်​ထောင်​ရေးအ​ကြောင်းကို တစ်ခွန်းမှ ထုတ်မ​ပြောသလို စိတ်မချမ်း​​မြေ့တဲ့ အမူအယာလည်း တစိုးတစိမှ မရှိ ။ ဒီကာလ
အတွင်း ကိုကို့ကို စိတ်ပူခဲ့ရသည့် သူ့မှာ ကိုကို ရွှင်လန်း
​နေတာမို့ ရင်​အေးခဲ့ရ​သေးသည် ။

      ဟာရူထိုသည် အမြဲလိုလို ကိုကို့အိမ်​ထောင်​ရေးနဲ့
ပတ်သတ်ပြီး စိတ်မဝင်စားသလို​နေခဲ့လို့လားများ မသိ ။
ကိုကိုသည် ကွာရှင်းသည် ဟူ​သော ကိစ္စကြီးကြီး
လုပ်ခဲ့သည်ကို​တောင် သူ့အား အသိမ​ပေး​တော့ ။
တစ်ဆက်တည်းထဲ ဟာရူထို ​ခေါင်းထဲဝင်လာသည်က
ကိုကို ဘယ်မှာ​နေ​နေလဲ ဟူ​သော အချက်ပင် ။
ကိုကို့အိမ်သည် သတို့သမီးဘက်က လက်ဖွဲ့အိမ်ဖြစ်​သော​ကြောင့် ကွာရှင်းပြီး​နောက် ကိုကို ဆက်မ​နေမှာ
ကျိန်း​သေ​ပေါက်ဖြစ်သည် ။ ကိုကို ဘယ်မှာ​နေ​နေလဲ
ဟာရူထို အပူတပြင်းသိချင်လာရသည်။

အချစ်ဦးWhere stories live. Discover now