အပိုင်း - ၂

198 17 1
                                    


📨 _ ရူထို​ရေ... ကင်မ်ချီထမင်း​ကြော်စားချင်တယ်
​လုပ်ကျွေး​လေ.. ​နော်.. TT  _

    ကိုကို့ဆီက ​ရောက်လာတဲ့ message တစ်​စောင်​ကြောင့် ဟာရူထိုမှာ ပျာယာခတ်ပြီး ရုံးအမြန်ဆင်းဖို့
ပြင်ရသည်။ သူ ကိုကို့ကို တစ်ခုခုချက် မ​ကျွေးရတာ
ဘယ်​လောက်​တောင်ကြာ​နေပြီလဲ ။ ဟိုးအရင်..သူက တက္ကသိုလ်​ကျောင်းသားဘဝ ၊ ကိုကိုက လုပ်ငန်းခွင်
ဝင်စအရွယ်တုန်းကဆို ကိုကိုက စိတ်ကူး​ပေါက်တိုင်း
သူ တစ်​ယောက်တည်း အိမ်ခွဲ​နေသည့် အခန်းသို့
​ရောက်ချလာတတ်သည် ။ ဟင်းချက်စားဖို့ စိတ်မဝင်စားဘဲ   ကြုံရာဝယ်စားတတ်သည့် သူက
ကိုကို ကြိုက်တဲ့ အစားအစာလေး​တွေကို​တော့ ချက်တတ်​အောင် ကိုကို မသိရ​စေဘဲ သင်ခဲ့ဖူးသည်။ ​နောက်
ကိုကို.. သူ့အိမ်လာတိုင်းလည်း ချက်​ကျွေးခဲ့ဖူးသည်။

    ကိုကိုအိမ်​ထောင်ပြုပြီး ​နောက်ပိုင်း ဒီနှစ်နှစ်အတွင်းမှာပထမဆုံးအကြိမ် ကိုကို့ဘက်က တစ်ခုခုလုပ်​ကျွေးဖို့
​တောင်းဆိုခြင်းဖြစ်သည်။ ကိုကို သူ့အိမ်ကို မလာ​တော့တာလည်း အ​တော်ကြာပြီမို့ ဟာရူထိုမှာ​ ခြေမကိုင်မိ လက်မကိုင်မိ​တောင် ဖြစ်​နေရသည်။ ခုလို ကိုကို စိတ်ပင်ပန်း​နေချိန်မှာ ကိုကို့ကို အရသာရှိတာ​လေး​တွေ စား​စေချင်မိသည်။ရုံးစော​စောဆင်းပြီး.. အိမ်ပြန်ကာ ကိုကို ​တောင်းဆိုထား​သော ကင်မ်ချီထမင်း​ကြော်အပြင် တခြား ကိုကိုကြိုက်တတ်​​လေး​တွေပါ ပြင်ဆင်ပြီး
ကိုကို့ကို လာခဲ့ဖို့ ဖုန်းပြန်ဆက်ရသည်။

" အရင်ကထက်ကို ရူထို့လက်ရာက တိုးတက်လာတာပဲ.. ဆိုင်​တောင်ဖွင့်လို့ရတယ် "

      ကိုကိုသည် ထမင်း​ကြော်ကို အပြည့်ထည့်ဝါးကာစားရင်း.. အားရပါးရချီးကျူး​နေသည်။ ကိုကိုသည်
သူချက်​ကျွေး​သော ထမင်း​ကြော်ကို ​ကောင်း​ကောင်းစားဝင်​နေတာမို့ ဟာရူထိုမှာ ဝမ်းသာခြင်းတစ်ဝက်နဲ့
စိတ်​အေးရသည် ။ ကိုကိုသည်..မူဟန်မပျက် ပြုံးရွှင်ရယ်​မော​နေ​သော်လည်း ​ချောင်ကျ​နေ​သော
မျက်လုံး​လေး​တွေက​​တော့ နွမ်းဖတ်​လို့နေသည်။
ကိုကို့ပါး​ဖောင်းဖောင်း​လေး​တွေ​တောင် ..
အရင်လို ပြည့်တင်းမ​နေ ။ ဟာရူထိုတွင် ကိုကို့အား​မေးရန် ​မေးခွန်းများစွာရှိ​​နေပါသည် ။ သို့သော်လည်း.. ​
မေးဖို့ရာ.. မ​မေးရက် ။ ယုတ်ယွအဆုံး
ကိုကို တစ်ခုခုလိုအပ်တာရှိရင် ကျွန်​တော့်ကို​ပြောပါ
ဟူ​သော စကားကိုပင် ​ပြောမထွက် ။ ကိုကိုသည်
ကိုကိုက အစ်ကိုကြီး ၊ ဟာရူထိုက ညီငယ် ဟူ​သော
အချက်အ​ပေါ် ဘယ်​​လောက် အစွဲထားလိုက်သလဲ ။
ကိုကို့ကို စိတ်ချမ်းသာ​စေချင်လွန်းလို့ ကိုကို့ထားရှိသည့်
အစ်ကိုကြီးမာန အ​ပေါ် ထိခိုက်သွား​စေမည့် စကားမျိုး​တွေ ဟာရူထို ​မ​ပြောနိုင်ပါ ။ကိုကို့ဘက်က ဖွင့်ဟ
မ​ပြောဘဲမျိုသိပ်ထားသည်ကို သူအတင်းဆွဲမထုတ်လို။
သူအတင်းဆွဲထုတ်မိလို့ ကိုကိုက သူနဲ့​ဝေးရာကို
​ပြေးသွားရင် ဘယ်လိုလုပ်ရပါ့ဟု​တွေးကာ
​ကြောက်မိသည် ။ သူသည် အမြဲတမ်း ကိုကို့နားတွင်
ကိုကိုထားသည့်အတိုင်း ​စောဒကတစ်ခုမှမတက်ဘဲ
နေမည့်လူမျိုးဖြစ်သည်။ ကိုကို တား​သောစည်းရဲ့
အ​နောက်မှာ မြဲမြဲမြံမြံရပ်​နေခဲ့ခြင်းသည် ကိုကိုနဲ့
​ဝေးမသွားချင်လွန်း​သော​ကြောင့်သာ ဖြစ်သည်။

အချစ်ဦးWhere stories live. Discover now