အပိုင်း (၄)

13.2K 1.1K 14
                                    

ဖုန်းမကိုင်ချင်လို့ ချပစ်ရမလား၊ black listထဲထည့်ရမလား၊ ဖုန်းpowerပိတ်ပစ်ရမလား အခုတစ်ခေါက်နဲ့ပါဆို အစ်မက တည်မိုးဆီဖုန်းခေါ်တာ ၅ကြိမ်ရှိနေပြီ။

"ကျွန်တော် အခုသွားနေပြီ"

"နင်ကလဲ ဖြေးဖြေးပြောပါဟဲ့...နင်ကျောင်းပြောင်းသွားလို့ အသဲကွဲနေတဲ့သူလေးတွေအတွက် ဒီလောက်တော့စိတ်ရှည်စမ်းပါ"

ဖုန်းဝင်ဝင်ချင်း တည်မိုးကစိတ်မရှည်စွာဖြေလိုက်မိတော့ အစ်မကလဲပြန်ဟောက်လာတယ်။

ဖုန်းကိုလွယ်အိတ်ထဲပစ်ထည့်ပြီး တည်မိုးအေးချမ်းဦးတည်မိတာက အနုပညာဌာနဆီ။ အခုမှအသစ်ပြောင်းလာတဲ့ကျောင်း
မို့ လမ်းတွေသိပ်မကျွမ်းပေမဲ့ လမ်းညွှန်တွေသေချာကြည့်ရင်း ရှာလိုက်တယ်။ သူ့အစ်မနားပူတာကို တကယ်မခံနိုင်တော့ဘူး။

တည်မိုးက အရင်တက်ခဲ့တဲ့တက္ကသိုလ်မှာ နာမည်ကြီးကျောင်းသားဖြစ်ခဲ့တာမို့ သူကျောင်းပြောင်းသွားတဲ့အချိန် မိန်းကလေးအများစု နှမြော
တသဖြစ်ကျန်ရစ်သတဲ့။ ဒါကိုတည်မိုးရဲ့ဝမ်းကွဲအစ်မဖြစ်သူက လာမဲ့Fresher Welcomeမှာ တည်မိုးရဲ့ပုံတူပန်းချီကိုလေလံနဲ့ရောင်းချပြီး မိန်းကလေးတွေရဲ့အသည်းကိုနှစ်သိမ့်ဖို့အကြံရပါသတဲ့လေ။

တည်မိုးအေးချမ်းရဲ့မျက်နှာကို အသုံးချပြီးရန်ပုံငွေရှာချင်တာ သက်သက်ဆိုပေမဲ့ ကုသိုလ်ရတဲ့အလုပ်မို့ သူမငြင်းဖြစ်တော့ပါ။ သူ့လက်မှတ်လဲ ထိုးပေးရအုံးမယ်။ ဒါလဲအဆင်ပြေတာမို့ လက်ခံလိုက်တယ်။

အခုပြောင်းလာတဲ့တက္ကသိုလ်ရဲ့အနုပညာဌာနကလဲ ထိတ်ထိတ်ကြဲပန်းချီဆရာတွေပဲစုနေတဲ့နေရာမို့ တည်မိုးကိုအတင်းပုံတူအပ်ခိုင်းနေခြင်းသာ။ ကျောင်းအသစ်ပြောင်းပြီး ပထမဆုံးတက်ရတဲ့နေ့မှာ လုပ်ရတာက ပုံတူအပ်ဖို့ဖြစ်သွားရတယ်။

အနုပညာဌာနက ပန်းချီအပါအဝင် ဂီတနဲ့စာပေစတဲ့ ဌာနအခွဲတွေအများကြီးရှိသေးတယ်။ ကိုယ်ပိုင် music bandပါရှိတဲ့အပြင် ထိုbandကလဲ ‌အတော်လေးနာမည်ကြီးတယ်။ Art Clubလို့ ခေါင်းစဥ်တပ်ထားတဲ့ ထောင့်စွန်းအခန်းကို မြင်တော့ သူတံခါးဖွင့်ပြီး အသာလေးဝင်သွားလိုက်တယ်။

Watermelon Juice Where stories live. Discover now