He Fell First and He Fell Harder

6.8K 573 27
                                    

AN

ဒါလေးက ညီသာ့povကိုရေးထားတာပါ။ physical bookထဲတော့ ဒီအပိုင်းက ပါဝင်မှာမဟုတ်ပါဘူး❤️


ညီသာ့မျက်စိရှေ့ကို ဒီကောင်ရောက်လာတာ တစ်ကြိမ်နှစ်ကြိမ်မကတော့ဘူး။ တိုက်ဆိုင်တာပဲလားမသိပေမဲ့ ဒီရက်ပိုင်းခဏခဏမြင်နေရတယ်။ ကျောင်းဆင်းလို့လမ်းဖြတ်ကူးရင်လဲ မြင်ရတယ်။ အသစ်ဖွင့်တဲ့ ညီသာ့ဦးလေးရဲ့ဖျော်ရည်ဆိုင်ကို သွားရင်လဲ တွေ့တယ်။ ပြီးတော့ မနက်ဆိုရင် ညီသာတို့ရဲ့ခေါက်ဆွဲဆိုင်မှာလဲ ထပ်တွေ့ရပြန်တယ်။

ဒီကောင်...တည်မိုးအေးချမ်း။

တကယ်တော့ ညီသာတင် သတိထားမိတာ မဟုတ်ပါဘူး။ ကျောင်းသားကျောင်းသူတွေကြားမှာလဲ တည်မိုးအေးချမ်းက နာမည်ကြီးနေတယ်။ ဆေးကျောင်းကိုဒီနှစ်မှ အသစ်ရောက်လာတဲ့ကျောင်းသားသစ်။ အရမ်းချောတဲ့ကျောင်းသားသစ်။

အမှန်တော့ ဆေးကျောင်းမှာရော နည်းပညာကျောင်းမှာပါ အချောအလှတွေကမရှားပါဘူး။ ဒါပေမဲ့ တည်မိုးအေးချမ်းက လွန်လွန်ကျွံကျွံချောတဲ့အဆင့်မှာရှိတယ်။ အဲဒီတော့ တစ်ခဏလေးအတွင်းမှာ နာမည်ကြီးသွားတာပဲ။

တအားချောတဲ့ကျောင်းသားတွေ ထုံးစံအတိုင်းပဲ တည်မိုးအေးချမ်းကချေတယ်။ မာနကြီးတယ်။ သူနဲ့ရင်းနှီးဖို့ဆိုတာ မလွယ်ဘူး။

အဲဒီလိုလူကို ကျောင်းစဖွင့်တဲ့နေ့မှာပဲ ညီသာကပြဿနာရှာလိုက်မိတယ်။ ဒါပေမဲ့ ညီသာလဲမတတ်နိုင်ဘူး။ ဖဲကြွေးဆပ်ရမဲ့စီနီယာအစ်ကိုကြီးက အရမ်းကြောက်ဖို့ကောင်းတာ။ အချိန်မီပြန်ဆပ်နိုင်ဖို့ လုပ်မိလုပ်ရာကြံရတော့တာပဲ။

အဲတာကညီသာ့အတွက် အရမ်းမှားသွားတယ်။ အခုတော့ အချောလေးက သူ့ကိုမကြည်တော့ဘူးလေ။

တည်မိုးအေးချမ်းကို ပိုက်ဆံပြန်ပေးဖို့လုပ်ပေမဲ့ အစ်ကိုအောင်ဟိန်းထက်က ပုံပြန်ဆွဲပေးပြီးတော့ ဖြေရှင်းပေးပြီးပြီတဲ့လေ။ သူကဒီတိုင်းထားလိုက်ဖို့ပဲရှိတယ်။

ညီသာက ပန်းခြံထဲကခုံမှာထိုင်နေရင်း စာသင်ခန်းထဲကထွက်လာတဲ့ တည်မိုးအေးချမ်းကိုမြင်လိုက်ရတယ်။ တကယ်တော့ ဒီနေ့တည်မိုးအေးချမ်းတို့ ဒုတိယနှစ်တွေ စာမေးပွဲရှိတယ်။ First testရှိတယ်ဆိုတာ ညီသာနဲ့ ဖဲရိုက်ဖော်တွေပြောပြလို့သိထားတယ်။

Watermelon Juice Where stories live. Discover now