Merry Christmas

11.7K 1K 113
                                    

~All I want for Christmas is you~

တည်မိုးအေးချမ်းတစ်ယောက် နားထဲကြားမိသမျှ Christmas songတွေကိုတောင် ခပ်တိုးတိုးဆိုတတ်နေပြီ။ ညီသာဝင်းထိန်မျက်နှာလေးကိုပါ တစ်စပ်တည်းတွေးမိသွားတော့ သူ့နှုတ်ခမ်းတွေအပေါ်ကို ကွေးတက်သွားလေတယ်။

ဒီနှစ် Christmas ကိုသူတစ်ယောက်တည်း ဖြတ်သန်းစရာမလိုတော့ဘူး။ သူ့မှာ သိပ်ချစ်ရတဲ့ချစ်သူလေး ညီသာရှိနေပြီ။ ညီသာ့ကိုဖက်ထားရင်းနဲ့ အားလပ်ရက်တစ်ရက်လုံးကုန်ဆုံးပစ်မယ်။


တည်မိုးအေးချမ်းသည် ညနေပိုင်းချမ်းချမ်းစီးစီးကြီးကို ရေချိုးဖို့ပြင်ရတယ်။ Christmas Eveမှာ ညီသာဝင်းထိန်က ကျောင်းက carol singဆိုတဲ့အဖွဲ့ထဲပါတာမို့ သူပါလိုက်သွားရမယ်။ ချစ်သူရပြီးတဲ့နောက်မှာ တည်မိုးအေးချမ်းက နည်းပညာတက္ကသိုလ်ကိုလဲ သူ့တက္ကသိုလ်လိုပဲ သဘောထားတော့တယ်။ သူကညီသာ့ကို တစ်ယောက်တည်းမလွှတ်ချင်။ သူအခါခါစဥ်းစားမိတာက ကျောင်းချင်းက မျက်နှာချင်းဆိုင်ကပ်ရပ်မို့ တော်ပါသေးတယ်ဟူ၍...မဟုတ်ရင်တော့ သူလွမ်းရလွန်းလို့ စာတောင်သင်နိုင်မှာမဟုတ်ဘူး။

အေးစက်စက်ရေတွေ သူ့ကိုယ်ပေါ်ကျလာတော့ တုန်ခနဲဖြစ်သွားတယ်။ ညီသာ့အကြောင်းတွေးရင်း ရေအေးကိုရေပူပြောင်းဖို့ပင် သတိမရလိုက်။ မနက်ပိုင်းကတစ်ခါချိုးပြီးပေမဲ့ ညီသာ့နားကပ်နေရင်မွှေးနေချင်တဲ့သူ့စိတ်ကြောင့် ခိုက်ခိုက်တုန်နေတဲ့ကြားက ရေထပ်ချိုးမိတယ်။


ဦးအေးချမ်းသည် သူ့သားတည်မိုးအခန်းထဲကို အဝတ်တွေထားရန်ဝင်လာတယ်။ သူ့မိန်းမ ဒူးနာမှာစိုးလို့ အပေါ်မတက်ခိုင်းတော့ဘဲ သူကိုယ်တိုင်တက်လာခြင်းပင်။ တံခါးခေါက်ပေမဲ့ ပြန်မထူးတာမို့ဒီတိုင်းဝင်လာလိုက်တယ်။

အဝတ်တွေကိုမွေ့ရာပေါ်တင်ထားပေးပြီးပြန်ထွက်မဲ့အချိန် တည်မိုးဖုန်းကမြည်နေတယ်။ ရေချိုးခန်းထဲက ရေကျသံသဲ့သဲ့ကြားရတယ်။ ဖုန်းပေါ်မှာပေါ်နေတဲ့ နာမည်က ဖရဲသီးဖျော်ရည်တဲ့။

သူ့သားနှယ် နာမည်ကြံကြံဖန်ဖန်ပေးထားတဲ့သူ ဘယ်သူမှန်းဦးအေးချမ်းစိတ်မဝင်စားတော့ဘဲ အခန်းထဲကထွက်ဖို့ပြင်လိုက်တယ်။ ဒုတိယတစ်ခေါက်ဖုန်းကထပ်မြည်လာပြန်တယ်။

Watermelon Juice Where stories live. Discover now