အပိုင်း (၁၂)

11.5K 1.1K 58
                                    

အားကစားကွင်းပြင်က နေပူတာမို့နားနေရန် မိုးကာများစွာ ထိုးပေးထားတယ်။
ညီသာဝင်းထိန်သည် ထိုနေရာမှာရပ်ကာ ထုံးစံအတိုင်းလုပ်ငန်းစနေတယ်။

အမြင့်ခုန်နဲ့အပြေးအားကစားအတွက် နိုင်မဲ့သူကိုရွေးကာ လောင်းနေခြင်း။ ဒါကတကယ်တော့ လုံးဝအပျော်လုပ်ရပ်တစ်ခုသာ၊ ဘယ်ကျောင်းကအားကစားသမားနိုင်မလဲဆိုတာ ခန့်မှန်းရတာက တကယ်ကိုပဲ ပျော်စရာကောင်းတယ်။

ညီသာက အမြင့်ခုန်အတွက်တော့ ဘာသာစကားတက္ကသိုလ်ကနိုင်မယ်လို့ လောင်းထားတယ်။ ပါဝင်တဲ့အားကစားသမားတွေက ဘယ်သူတွေလဲ သေချာမသိရ။ ဒီတိုင်းမှန်းကာ ခန့်မှန်းနေခြင်းပင်။

သူနဲ့အတူစကားပြောနေကြတာ ကျောင်းတွင်း chess clubကသူများဖြစ်တယ်။ နာမည်နဲ့မေဂျာကိုတော့ ညီသာလဲမသိ။

"အပြေးပြိုင်ပွဲကတော့ ဆေးတက္ကသိုလ်ပဲ"

"မဖြစ်နိုင်လောက်ဘူး ဆေးဘဲတွေကဖြင့် ဒီလောက်ပျော့တာ နိုင်မှာမဟုတ်ဘူး"

"သေချာလား နိုင်မှာမဟုတ်ဘူးဆိုတာ"

အနောက်ဘက်ကစကားသံကြောင့် ညီသာလှည့်ကြည့်လိုက်မိတယ်။ အားကစားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားတဲ့ တည်မိုးအေးချမ်းကို တွေ့လိုက်ရတယ်။

"မင်းက ပြိုင်ပွဲဝင်လား"

"ဟုတ်တယ် အပြေးပြိုင်မှာ...ဆိုစမ်းပါအုံး အခုရော ငါတို့တက္ကသိုလ်ကမနိုင်လောက်ဘူး ထင်သေးလား"

ညီသာက ဘေးကနေဖြတ်ကာထွက်သွားတေ့ တည်မိုးကဘေးကနေလိုက်လာပြန်တယ်။

"မေးနေတာဖြေစမ်းပါ"

"မထင်ဘူး မင်းဆိုပိုလို့တောင်မထင်သေးတယ်"

ညီသာဝင်းထိန်က တဲ့တိုးပဲဖဲ့တယ်။ အားကစားဝတ်စုံနဲ့တည်မိုးအေးချမ်းက အားကစားဝတ်စုံကြော်ငြာရိုက်မဲ့ မော်ဒယ်တစ်ယောက်လိုကြည့်ကောင်းတာတော့ ဝန်ခံရမယ်။ ဒါပေမဲ့ ပြိုင်ပွဲကမျက်နှာနဲ့ပြိုင်ရတာမှ မဟုတ်ပဲ။

ညီသာဝင်းထိန်စကားကြောင့် တည်မိုးတစ်ယောက်နှာကစ်သွားတယ်။ သူ့ကို ညီသာဝင်းထိန်က အထင်မကြီးဘူး။

Watermelon Juice Where stories live. Discover now