အပိုင်း (၇)

12K 1.1K 36
                                    

ဝါးလုံးချောင်းလိုဖြောင့်တန်းရှည်လျားနေတဲ့ ခြေတံများက ညီသာ့မျက်စိရှေ့တည့်တည့်မှာ။ သူမော့ကြည့်လိုက်တော့ သူ့ကို
အုပ်မိုးကြည့်နေတဲ့မျက်နှာပေါ်က စေ့ပိတ်ထားတဲ့နှုတ်ခမ်းရဲရဲများကိုသာ သေသေချာချာမြင်ရတယ်။

တည်မိုးအေးချမ်းကို မြင်လိုက်တာမို့ သူချောင်းဟန့်ကာ ခန္ဓာကိုယ်ကိုပြင်လိုက်တယ်။ နှာတစ်ချက်ရှုံ့လိုက်တော့ မျက်လုံးထဲမှာရှိနေတဲ့ မျက်ရည်စတွေကပေါက်ခနဲ ကြွေကျလာတယ်။

သေအောင်ရယ်ရတဲ့စာအုပ်။

စာအုပ်ဖတ်ရင်း ရယ်ရလွန်းလို့ အသံမထွက်အောင် သူမနည်းထိန်းချုပ်လိုက်ရတာ။ အစကတော့ အေးအေးဆေးဆေးပဲ စာအုပ်ဖတ်မလို့။ ဘယ်လိုကနေ ဟာသစာအုပ်ရွေးမိသွားတာလဲမသိဘူး။

တည်မိုးအေးချမ်းက လက်ပိုက်ရပ်နေပြီးသူ့ကိုစေ့စေ့ကြည့်နေတယ်။

"ဘာလဲ"

"မင်းဘာလို့ ဒီကိုရောက်နေတာလဲ ဒီနေရာက ကတ်ရှိတဲ့ကျောင်းသားတွေပဲဝင်လို့ရတာ"

"ဝင်လို့ရလို့ဝင်လာတာပေါ့"

"မဟုတ်မှ ခိုးဝင်လာတာလား"

တည်မိုးအေးချမ်းရဲ့စကားကြောင့် သူစိတ်လေသွားတယ်။ ဘယ်လိုတွေတွေးချလိုက်တာလဲ။ ခိုးဝင်ရအောင် သူက ကလေကချေလား။

"ကတ်ရှိလို့ ဝင်လာတာပေါ့...ငါ့မှာအစ်ကိုအောင်ဟိန်းထက်ရဲ့ ကတ်ရှိတယ်လေ"

ဘောင်းဘီအိတ်ထဲက ကတ်ကိုထုတ်ပြတော့ တည်မိုးအေးချမ်းက
မချိုမချဉ်မျက်နှာနဲ့ခေါင်းခါရမ်းတယ်။
အနီးကပ်ကြည့်ရတဲ့ မျက်နှာအမူအရာတွေက တော်တော်ဆွဲဆောင်မှုရှိတာပဲ။ အင်းလေ...အဲတာကြောင့်ပဲ ကပ်ရပ်ကျောင်းနှစ်ကျောင်းသာမက မြို့တစ်ခုလုံးကကျောင်းတွေက မိန်းကလေးတွေကပါ လာကြူးတာကိုး။ လိုင်းပေါ်မှာလဲ အနယ်နယ်အရပ်ရပ်က ကြူးတဲ့သူတွေအပြည့်နဲ့။

"ဗရုတ်သုတ်ခနဲ့"

တည်မိုးအေးချမ်းက စိတ်ပျက်လက်ပျက်မျက်နှာနဲ့ ထိုစကားကိုထုတ်ပြောလိုက်တယ်။

အစ်ကိုအောင်ဟိန်းထက်ဆိုတာ
တည်မိုးကို ကြားထဲကနေတောင်းပန်ပြီး ပုံပြန်ဆွဲပေးတဲ့ art clubကခေါင်းဆောင်။
ညီသာဝင်းထိန်ကို တော်တော်ချစ်တယ်နေမှာ ကြားထဲကဝင်ဖျန်ဖြေပေးလိုက်၊ အခုလဲ ကတ်တောင်ပေးထားသေးတယ်။

Watermelon Juice Donde viven las historias. Descúbrelo ahora