ညီသာသည် ဟိုဘက်ကျောင်းကင်းကို စိတ်နာနာနဲ့သာရှောင်နေတော့တယ်။ ခေတ်စကားအရပြောရရင် ghostသည်ပေါ့။ သူသည် ဆေးကျောင်းဘက်ဖဲဝိုင်းရှိရင်တောင်မသွား။
သူနဲ့တည်မိုးအေးချမ်းက ဆက်ပြီးပတ်သက်စရာအကြောင်းမရှိတော့ဘူးလေ။
အဲဒီလူကြီးချင်းစေ့စပ်တာကိုပဲလုပ်လိုက်။
ညီသာဝင်းထိန်က ဒုတိယတစ်ခေါက်
ထပ်အငြင်းမခံနိုင်တော့ဘူး။ဒုတိယအကြိမ်လို့ပြောရအောင်လဲပထမအကြိမ်ကအငြင်းခံရတာ ဟုတ်ရဲ့လား။ အဲတုန်းက ညီသာကအနိုင်နဲ့ပြန်ပိုင်းလိုက်တာလေ။
စာမေးပွဲဖြေရမှာမို့ သူခေါင်းရှုပ်မခံနိုင်ပေမဲ့ တည်မိုးအေးချမ်းရဲ့အကြောင်းကိုပဲ သူအချိန်ပြည့်တွေးနေမိတယ်။
တည်မိုးအေးချမ်းရဲ့နေ့ရက်တွေက ရုတ်တရက်ခြောက်သွေ့သွားတယ်။ ညီသာဝင်းထိန်မရှိတဲ့အရင်လိုဘဝ၊ ညီသာဝင်းထိန်နဲ့မပတ်သက်ဖူးတဲ့ အရင်လိုနေ့ရက်တွေပြန်ရောက်သွားတဲ့အခါ သူ့မှာတွေးစရာတွေအများကြီး ရှိလာတယ်။
လောင်းကစားအတွက်က အခွင့်အရေးတစ်ခုပဲကျန်တော့တယ်။ သူ့မှာဒီအခွင့်အရေးတစ်ခု လက်ကိုင်ထားပြီးဘာဆက်လုပ်ရမလဲ ကြံဖန်နေမိတယ်။
ခက်တာက သူဘာမှမစဥ်းစားတတ်ဘူး။
သူဘာလုပ်ရမလဲမသိဘူး။ ညီသာ့ကိုသူဘာပြောရမလဲ။ ဒီအခွင့်အရေးကို အသုံးချရင်ရော ညီသာကလက်ခံပါ့မလား။ညီသာဝင်းထိန်သည် ဘာသာစကားတက္ကသိုလ်မှာကျင်းပတဲ့ ဘောလုံးပွဲဗိုလ်လုပွဲစဥ်ကို သွားအားပေးတယ်။ Finalမှာကျန်ခဲ့တဲ့နှစ်သင်းက နည်းပညာတက္ကသိုလ်နဲ့ဆေးတက္ကသိုလ်အသင်း။ ဆေးတက္ကသိုလ်က လေးနှစ်အကြာမှ Final ပွဲဆီပြန်ရောက်လာခြင်းပင်။
ညီသာသည် တစ်ဖက်အသင်းရဲ့ပွဲကြည့်စင်ဘက်ကိုလှမ်းကြည့်လိုက်တယ်။ ကျောင်းကင်းနဲ့တူတဲ့အရိပ်ယောင်
ပင်မတွေ့။ တည်မိုးအေးချမ်းသာရှိရင် ထိုနေရာက လူအာရုံစိုက်ခံရတဲ့နေရာဖြစ်နေမှာမို့ ညီသာမတွေ့ဘဲနေမှာမဟုတ်။မတွေ့ရတာကြာတော့ လွမ်းလိုက်တာ။ အဲဒီခပ်ချောချောမျက်နှာလေးကို...တစ်သက်လုံးထိုင်ကြည့်ဆိုရင်တောင် မငြီးမငွေ့ကြည့်နိုင်တဲ့အထိ ချောမောဆွဲဆောင်မှုရှိလွန်းတဲ့ မျက်နှာလေးကိုလေ...သူ အမှန်တကယ်လွမ်းပါတယ်။