Story 5

302 16 1
                                    

Unicode
................

"အဲ့ဒါ ဘယ်လိုဖြစ်နေကြတာလဲ"

"ဟိုင်း ကိုမိုးညို လာလည်တာလား"

"ညဉ့်ဦး... သခင်လေး... ကိုယ့်ကိုကိုယ် ဘာဆိုတာ သတိရသေးရဲ့လား။ ဘယ်လိုဖြစ်ပြီး မဆင်မခြင်ဖြစ်နေကြတာလဲ။ ဟိုကောင်လေး မင်းကကော ဘယ်ချိန်ထိ အဲ့ကိုယ်ပေါ် တက်နေဦးမှာလဲ... ဟမ်"

"ဟို... ကျွန်တော်... မဟုတ်ဘူး။ ခဗျား ဖယ်တော့လေ"

"....."

နှစ်ဦးသား ဧည့်ခန်းထဲက ဆိုဖာပေါ်ပြောင်းထိုင်လိုက်ပြီး မန်နေဂျာဆိုသူ မိုးညိုက သူတို့ရှေ့တွင် လက်ကြီးပိုက်ကာ ရပ်နေလေသည်။

ထို့နောက် မိုးညိုက လင်္ကာကို အကဲခတ် စိုက်ကြည့်နေပြီးနောက်

"မင်း... နာမည်က အလင်္ကာမုန်းနော်။ သူဘယ်သူလဲဆိုတာ သိတယ်မလား"

"သိတယ်"

"သိတယ်ဆိုရင် ပြဿနာမရှိစေရအောင် ဆင်ခြင်သင့်တယ်။ အပြင်သွားစရာရှိရင်လည်း သတိထားသင့်တယ်။ သူကနိုင်ငံကျော်မင်းသားဆိုတော့ သူ့ဘေးနားမှာ ပရိသတ်တွေ၊သတင်းထောက်တွေက အမြဲစောင့်ကြည့်နေကြတာ။ နည်းနည်းလေးမှားလိုက်တာနဲ့ အကုန်ဒုက္ခရောက်ကုန်ကြမှာ။

ငါကပြောချင်လို့ပြောနေတာ မဟုတ်ပေမဲ့ အားလုံးကောင်းဖို့အတွက် လူမုန်းခံပြီးပြောပြနေတာ။ သဘောပေါက်တယ်မလား"

ထိုသူက ဆရာကြီးလိုလို ကမ္ဘာကြီးလိုလိုပြောလာတော့ လင်္ကာလည်း မဖြေချင်ဖြေချင်ဖြင့် ဖြေနေရသည်။

"ပေါက်ပါတယ်"

"အေး... သခင်လေးလည်း ကြပ်ကြပ်သတိထား..... ကိုယ်က မင်းသားတစ်လက်ဆိုတာ သိထားသင့်တယ်။ မလိုလားအပ်တဲ့ ပြဿနာဖြစ်မှ ရှင်းမရပြုမရဖြစ်နေဦးမယ်။ ကိုယ်နာမည်ပျက်တာ ကိစ္စမရှိဘူး.... သခင်လေးအဖေသိရင် မိုးမီးလောင်‌မှာနော်။

ပြီးတော့ ငါလည်း သခင်‌လေးရဲ့ဒယ်ဒီကို နိုင်တာမဟုတ်ဘူး။ တော်ကြာ ကြားထဲငါပါအထောင်းခံရမှ ထမင်းငတ်နေဦးမယ်။"

"ကိုမိုးညိုကလည်းဗျာ။ ဘာပြဿနာမှ မဖြစ်လောက်ပါဘူး။ ပြီးတော့ ခုထိ ကျွန်တော်တို့ တစ်အိမ်တည်းနေတာ ဘယ်သူသိလို့လဲ"

Twins' Love Season 2 (Ongoing)Where stories live. Discover now