8🔥

948 95 48
                                    

ဒါကြီးက ဘယ်လိုစိတ်ဆိုးပြေမှုကြီးလဲ။

ကျန်တာတော့ ခိုင်းလို့ရမယ်။ ဒါကြီးတော့ မဖြစ်နိုင်ဘူး။

ငါ့ရဲ့ ဖက်စကစ် ( first Kiss)  ကို ဒီ ဂဂျီဂဂျောင် မင်းသားကို ပေးစရာလား ။ ပေးပစ်စရာလားလို့ ဟမ် !

ပေးမယ့်ပေး ရေးနေတဲ့ စပျစ်သီး မမ🍇ကိုပဲ ပေးမှာပေါ့လို့။

ကြက်လိုအကောင်!  မြေခွေးလိုအကောင်
ငါ ကိုင်ပေါက်ပစ်လိုက်ရ!

စိတ်ထဲမှာ ဘယ်လောက်ပဲ မကျေနပ်နေပါစေ လက်တွေ့တွင်တော့
ဂျီမင်းသည် ပြန်လည်ချေပဖို့ အားမရှိတော့သည်သာမက လက်ဖျားခြေဖျားတွေပါ အေးစက်လာရသည်။

ဒါမျိုး စိတ်ခံစားမှုကြီးကို ဂျီမင်း မနှစ်မြို့ပေ။ ဘာလို့ဆို သူ ဒီမင်းသားလေးအပေါ် ဖြူဖြူစင်စင်တွေနဲ့ပဲ ချစ်ခဲ့တာလေ။
မင်းသားလေးက ဆိုးတယ်၊ ကလေးဆန်တယ် ဒါတွေကို သည်းခံပေးနိုင်တယ်၊ အပြည့်အဝနားလည်ပေးထားတယ်။

ဒီလိုမျိုး နမ်းဖို့ကကျ ဂျီမင်းအတွက် သိပ်ခက်ခဲတယ်။

တော်ရုံပဲ ငါ့အပေါ် ဆိုးပါလား ဂျောင်ကု ။

ငါက လုံးဝ မျဥ်းဖြောင့်ကွ ! မျဥ်းဖြောင့်တောင်မှ ရိုးရိုးမျဥ်းဖြောင့်မဟုတ်ဘူး ဖြောင့်တာထက် ဖြောင့်နေတဲ့ ဂျီဖြောင့်။

ငါက မိန်းမတွေကိုပဲ နမ်းမှာ။ မိန်းမတွေကိုပဲ ချစ်မှာ။
ကလေးခုနှစ်ယောက်လောက်မွေးပြီး ငါ့ဘဝကို သာသာယာယာနဲ့ ဖြစ်သန်းချင်တာ။

မင်းကြောင့်
နှလုံးခုန်နှုန်းတွေမြန်လာရင်လည်း ကျန်းမာရေးကြောင့်လို့ပဲ
ငါ မှတ်ယူတယ်။

မညာတမ်းပြောရရင် မင်း မျက်ဝန်းတွေကို ငါကြောက်တယ်။

ခုတောင် မင်း မျက်လုံးတွေကြောင့် ငါ နေလို့သိပ်မကောင်းချင်တော့ဘူး။

မလိမ်တမ်းပြောရပြန်ရင်
ဒီအရွယ်လေးမှာတောင် မင်းရဲ့ အကြည့်တွေက ငါ့ကို ခြေမကိုင်မိလက်မကိုင်မိ ကယောင်ချောက်ချားဖြစ်အောင် တမဟုန်ချင်း လုပ်နိုင်တယ်။လမ်းတွေပျောက်အောင်လို့ အကြိမ်ကြိမ် ညှို့ယူတယ်။

BLOODY  LORD Where stories live. Discover now