15🔥

1.4K 85 52
                                    

မင်းကိုချစ်တယ် ဂျီမင်း
***

အပြုအမူနှင့် တပြိုင်နက် အထိုစာလုံးများကြောင့်

ဦးနှောက် တစ်ခုလုံး ဗလာကျင်းသွားရသည်။

ယခု သူ ဘာလုပ်ခံလိုက်ရတာလည်း။ပြီးတော့ ဘာပြောခံလိုက်ရပြန်တာလည်း။

အသိစိတ်ကပ်သော လူတစ်ယောက်ပမာ ဂျီမင်းသည် မျက်မှောက်တွင်တော့ မျက်လုံးပြူးထားရုံသာတတ်နိုင်၏။
သူ့ဦးနှောက်ဟာ ယင်းအပြုအမူကြောင့် သိပ်ချို့ယွင်းသွားဟန်တူသည်။သို့မဟုတ် နှောင့်နှေးသွားပုံရသည်။

၎င်းအား မည်၍မည်မျှပင် မတုံ့ပြန်နိုင်တော့။
အတိအကျဆိုရသော်  တုံ့ပြန်ရန်ပင် မစွမ်းသာတော့ချေ။

သူ၏ နှုတ်ခမ်းတစ်ခုလုံးသည် နွေးထွေးသော အငွေ့အသက်တို့ကြား နှစ်မြုပ်နေလျက်ဖြင့် ၊၊ သူ့ လက်ချောင်းတို့သည် ရေခဲရိုက်ထားသည့်ပမာ အေးခဲနေသည်။

မင်းသားဂျောင်ကုထံမှ ဝင်လေထွက်လေ ပူနွေးနွေးသည် မျက်နှာအား ရိုက်ခတ်နေလျက်၊ ၎င်းအငွေ့များအား လုံးလုံးလျားလျားပင် ခံစားမိနေရသည်။

ဒီ ပရမ်းပတာ အခြေအနေဟာ ပြောရရင် သိပ်စိတ်ညစ်ဖို့ကောင်းသည်။

မသိစိတ်တို့ကြားမှ အသိစိတ်ကို ဆည်ယူကာ ဤသို့ အခေါ်သမှုပြုဟန်ပြင်တော့ လေသည် ခပ်ကြမ်းကြမ်းတိုက်ခတ်သွားပုံရသည်။ယင်းကြောင့် လွှင့်ခါသွားမည့် ဆံပင်တို့အား ဖယ်ရှင်းရန်ပင် ဤမှာ မပြူမူမိတော့။

ဒီနေရာမှာ သူ့လက်တွေက အေးခဲသေဆုံးနေခဲ့တယ်။

" ဂျောင်''

ငုံခဲထားခံရသည့်မှ တစ်ချက်အလွတ် ယင်းသို့ ပြောဟန်​ပြင်သောအခါ ထိုစကားရှေ့မဆက်နိုင်ပြန်။
အကြောင်းကား မင်းသားဂျောင်ကုဟာ ထပ်၍ ငုံခဲလိုက်တာကြောင့်။သူ့စကားဟာ ရှေ့ဆက်ရန်ပင် အခွင့်မရှိတော့။
၎င်း၌ ထိုအတိုင်းသာ ချိတ်ပိတ်ရပ်၏။

သူ့ နှုတ်ခမ်းတစ်စုံလုံးသည် ဂျောင်ကု၏ ပါးစပ်ထဲ စုံးစုံးမြုပ်လျက် ၎င်းဟာဖြင့် သိပ်ကို ကမောက်ကမ ဖြစ်လွန်းသည်။တဆက်တည်း သိလိုက်ရတာ
သူ့အနမ်းဦးကို ဂျောင်ကု ဝါးမျိုနေပြီဆိုတာပဲ။

BLOODY  LORD Where stories live. Discover now