9🔥

972 90 44
                                    

" ဂျီမင်း မင်းက မွှေးတယ်''

တရစပ် ဂုတ်သားအပေါ် နမ်းရှုံ့လာတဲ့ ဂျောင်ကုကြောင့်
ဂျီမင်း တစ်ကိုယ်လုံး ပူထူလာရပြန်သည်။

ဘယ်ကတည်းက အကျင့်လည်းမသိဘူး။
လက်ကလည်း အလိုအလျောက် မင်းသားရဲ့ ဝတ်ရုံစကို ဆွဲဆုပ်ထားပြီးနှင့်ပြီ။

ကျန်းမာရေးကလည်း မကောင်းချင်ပြန်ဘူး ထင်တယ်။
နှလုံးခုန်နှုန်းတွေမြန်နေတယ်။ရင်က ဗိုးသိုးဗက်သက်။
ဒုတ်ဒုတ် ဒတ်ဒတ်။

" ပုံမှန်ပါပဲ ၊ ငါ ဘာမှ အမွှေးလည်းသုံးမထားဘူးလေ''

" မပုံမှန်ပါဘူး မွှေးတယ် ၊ အရမ်းမွှေးတယ် ဘာမှမလိမ်းထားပဲနဲ့ကိုမွှေးတာ အရင်ဘဝက ပန်းလှူခဲ့လို့နေမှာ ပန်းလေးလိုပဲ ၊ ယောကျ်ားသေးသေးလေးကို ချစ်မဝလိုက်တာ''

ဂျောင်ကု ပြောရင်း ဂျီမင်းကို လက်နှစ်ဖက်နဲ့ ကျစ်နေအောင် ဖက်ပစ်လိုက်သည်။ ပေါင်ပေါ်ခွထိုင်ထားတဲ့ ဂျီမင်းမျက်နှာလေး
ဘယ်လိုလေး ဖြစ်နေလိမ့်မလဲ။ သေချာတာတော့ ချစ်စရာလေး ဖြစ်နေမှာ။ ပတ်ခ်ဂျီမင်းက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးပဲလေ။

ဒါမျိုး ချစ်မဝလေးကို ကြိုတင် ဘိုကင် လင်တော်ထားတဲ့
ငါမင်းသားကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားပဲ။
မတူဘူးနော် ၊ ဘယ်သူနဲ့မှ မတူနိုင်ဘူး။

ငါတို့က စူပါဂလူး....

ချစ်လိုက်တာ မြိုချထားချင်တော့တယ်။

အားးးးးး

ဝမ်းသာကြည်နူး ချစ်တီတူးနေပါတယ်ဆို
ပတ်ခ်ဂျီမင်းက ငါ့ကို ဆံပင်ဆွဲဆောင့်လိုက်တာလား။

ကျီစားနေတာ...ငါမင်းသားလေးကို..

ငါ့အသည်းကလီစာလေးရေ...
ချစ်တာ နဲ့ လူကို ကျီစယ်စယ်နေတာလား။ တော်ရုံကျီစယ်စမ်းပါ
ကြာရင် ဆံပင်ရှိမှာမဟုတ်တော့ဘူး။
အဲ့လောက် ကျီစယ်ချင်ရင် နှုတ်ခမ်းကိုတပြွတ်ပြွတ်နမ်းနေပါလား။
အဲ့လိုကျလည်း မနမ်းချင်ပြန်ဘူး။

ပြောရဆိုရ ခက်လိုက်တာ။

ဂျီမင်း ဂျောင်ကု ရဲ့ ယောကျာ်းသေးသေးလေးဆိုတဲ့ အသုံးအနှုန်းကြောင့် လက်နှစ်ဖက် နဲ့ ဆံပင်ကို စုံကိုင်ဆွဲဆောင့်ပေးပစ်လိုက်သည်။

BLOODY  LORD Where stories live. Discover now