11🔥

760 72 48
                                    


" မိန်းကလေး ဒိုဟွာ''

ဆော့ဂျင်သည် ရှေ့မှ မိန်းမငယ်အား ထိုသို့ အခေါ်သမှုပြုလေတော့ ထိုမိန်းကလေးက သူမ၏ ဆံပင်ရှည်ကြီးများအား ကိုင်တွယ်ရင်း ဂါရဝပြုလေသည်။

ပုံသဏ္ဍန်ကို ကြည့်မိရုံနှင့် အလွန်ပင် သိမ်မွေ့ဟန်ရှိသည်။

မည်းနက်ရှည်လျားသည့် ဆံပင်ရှည်ကြီးနှင့် ဆံထိုးလေးသည်
သိပ်လိုက်ဖက်လှသည်။

အရှင်းဆုံးပြောရရင် သူမ၏ သိပ်လှတာပင်ဖြစ်၏။

သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း မိန်းမသားတို့၏ အင်္ဂါရပ်များစွာဖြင့် ကော့ညွှတ်ရှည်လျားသော မျက်တောင်ရှည်ရှည်များလည်း
ပိုင်ဆိုင်ထားသေးတာမို့ ဂျီမင်း ထိုအစိတ်အပိုင်းလေးများအား  မျက်တောင်မခတ် လိုက်ကြည့်နေမိသည်။

အထူးသဖြင့် သွယ်လျသော လက်ချောင်းရှည်ရှည်တွေကိုရောပင်။

ထိုလက်ချောင်းရှည်ရှည်လေးများအပေါ်
ကျောက်စိမ်း လက်စွပ်ကလေးကလည်း လှပစွာနေရာယူထားသေးသည်။

ဂျီမင်းသည် ထိုကဲ့သို့ အဆင်တန်ဆာများအား
လွန်စွာ နှစ်ခြိုက်သူဖြစ်၏။

" ဆရာဆော့ဂျင်ပါလား ၊ ဒါနဲ့ ဒီကလေးနှစ်​ယောက်က''

သူမသည် ဆော့ဂျင်၏ နောက်က ဂျီမင်းတို့ နှစ်ယောက်အား
ကြည့်ရင်း ပြောလာတာမို့ ဂျောင်ကု အတိုင်းမသိ ဂျီမင်း၏
လက်ကို ပိုမို ဆုပ်ကိုင်လိုက်တယ်။

အသက်အရွယ်အားဖြင့်လည်း ထိုမိန်းကလေးက
သူတို့ထက် ကြီးလောက်မည်ဖြစ်ကြောင်း ဂျောင်ကု ခန့်မှန်းမိသည်။

လှတာမလှတာ ဂျောင်ကုမသိ။
သိစရာလည်း မလိုဘူးဟု ထင်သည်။

အဘယ်ကြောင့်ဆိုသော် ပတ်ခ်ဂျီမင်းတစ်ယောက်ကိုပဲ
မြင်တာမို့၊ သိတာမို့ ၊ ကမ္ဘာကြီးရဲ့ အလှတရားတောင်မှ
မင်းသားဂျောင်ကုအတွက် ဘောင်မဝင်ဘူး။

မျက်လုံးထဲမှာရှိတာ
ပတ်ခ်ဂျီမင်း တစ်ယောက်တည်းပဲ။

ဒါကြောင့် ငါမင်းသားကို ကြိတ်ကြိုက်၊ကြိတ်ကြွေနေတဲ့
မိတ်ဆွေများရှိက တခါတည်း တန်းငြင်းပါမယ်။
စိတ်မကောင်းပါဘူး
အဟစ်အဟစ် ။

BLOODY  LORD Where stories live. Discover now