Part-1

35.8K 1.7K 11
                                    

At Incheon Airport....

ဆံပင်​မီးခိုး​ရောင်​.၊လွယ်​အိတ်​အမည်းကိုလွယ်​၍မျက်​မှန်​အမည်းတပ်​ထား​သောအသားဖြူဖြူအရပ်​ရှည်​ရှည်​နားကားကားနဲ့​ကောင်​​လေးတ​ယောက်​...မျက်​မှန်​အမည်း​အောက်​ကနာကြည်းမှု​တွေအပြည့်​နဲ့မျက်​၀န်းတစုံ...နာမည်​က Park Chanyeol....

"Chingu ahငါပြန်​လာပြီ​လေ...မင်း​ပြော​တော့ငါပြန်​လာရင်​လာကြိုမယ်​ဆို...ခု​တော့ဘာမဟုတ်​တဲ့​ကောင်​​လေးတ​ယောက်​​ကြောင့်​......စိတ်​ချပါ..မင်းခံစားခဲ့ရသလိုငါသူ့ကိုခံစားရ​အောင်​လုပ်​​ပေးမှာပါ......"

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

1week later,

တိုက်​ပု​လေးအတွင်းကထွက်​လာမယ့်​လူတ​ယောက်​ကို​စောင့်​ကြည့်​​နေတဲ့ကားနက်​ကြီး​ပေါ်ကမျက်​၀န်းတစုံ...

"​ဟော..လာပြီ၊ငါသိ​နေတယ်​​လေ.မင်းဒီ​နေ့​တော့အဲ့ကိုသွားမယ်​ဆိုတာ..ဒါ​ဆိုမင်းမှာအနည်းဆုံး​တော့လူစိတ်​ရှိ​သေးတယ်​​ပေါ့.."

Park Chanyeolတိုက်​ထဲကထွက်​လာတဲ့​ကောင်​​လေးကိုလှမ်းကြည့်​လိုက်​တယ်​..။အရပ်​ပုပု၊ချစ်​စရာ​ကောင်း​သောမျက်​လုံး​မှေး​မှေး​လေးများ၊ထိရက်​ကိုင်​ရက်​စရာမရှိ​အောင်​ဖြူ​ဖွေး​နေသည့်​အသားအရည်​တို့ပိုင်​ရှင်​​ကောင်​​ချော​လေး..မျက်​လုံး​လေးများကိုလည်းlinerဆိုးထား​သေးသည်​..၊လက်​ထဲမှာက​တော့ဖြစ်​ကတတ်​ဆန်းစီးထားတဲ့ပန်းစည်း​လေးတစည်း...၊

"ဒီလို​နေ့မျိုးမှာ​တောင်​linerဆိုးနိုင်​​သေးတဲ့မင်းကိုငါလက်​လန်​တယ်​Byun Baekhyun.."

Baekhyunက​တော့ဘာမှမသိ..သူ့အိမ်​က​လေးသူတံခါးပိတ်​..ပန်းစည်း​လေးကိုတချက်​ငုံ့ကြည့်​ကာထွက်​လာခဲ့တယ်​..။

Baekhyunသူ့ကားကို​ကျော်​သွားသည်​..၊​တော်​​တော်​လှမ်းသည့်​​နေရာ​ရောက်​မှChanyeolလည်းကားစက်​နှိုးကာအရှိန်​ပြင်းပြင်းနဲ့​မောင်းလိုက်​တယ်​၊

Baekhyun​ဘေးကိုပွတ်​ကာသီကာ​လေးဖြတ်​​မောင်းပစ်​လိုက်​​တော့Baekလန့်​ပြီးလဲကျသွားတယ်​..။ပန်းစည်း​လေးက​တော့လမ်းဘေးက​ရေအိုင်​​လေးထဲသို့....

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now