Part-13

14.9K 1.2K 15
                                    

"ခွပ်​.."

ပါး​စောင်​ထက်​ကျလာတဲ့ လက်​သီးချက်​​ကြောင့်​ chanyeolမျက်​နှာလည်​ထွက်​သွားပြီး လူကပါလဲကျသွားတယ်​..

"မင်း..ဘာကိစ္စနဲ့ဒီထိ​ရောက်​လာတာလဲ?ဘာလဲ baekbaek​လေးအသက်​ရှင်​​နေ​သေးရင်​ ​သေ​အောင်​ထပ်​သတ်​မလို့လား!!!"

ဒေါသတကြီး​အော်​​မေးလိုက်​တဲ့ krisရဲ့စကား​တွေကအမှန်​တရားမဟုတ်​ဘူးဆိုတာ သူရှင်းပြချင်​​ပေမယ့်​လက်​ခံပါ့မလား??

အားလုံးရဲ့စိတ်​ထဲမှာထင်​​နေတာ Park Chanyeolဆိုတဲ့သူက လူယုတ်​မာတစ်​​ယောက်​လို့..။အေး​လေ အဲ့လိုထင်​​အောင်​သူကိုယ်​တိုင်​ဖန်​တီးခဲ့တာပဲ မဟုတ်​လား??

ခုလည်းchenဆီက​မေးပြီး baekhyunရှိ​နေမယ့်​​ဆေးရုံကို​ရောက်​လာခဲ့တာ။baekအခန်း​ရှေ့အ​ရောက်​..သူပဲကံဆိုးချင်​တာလားမသိ..kris hyungအခန်းထဲကထွက်​လာတာနဲ့ကြုံတယ်​..

သူ့ကိုမြင်​မြင်​ချင်းပဲ krisကအင်္ကျီ​ကော်​လံက​နေ​ဆောင့်​ဆွဲ​ပြီး ​ဆေးရုံအပြင်​ဘက်​​ခေါ်လာခဲ့ပြီး ထိုး​တော့တာပဲ..

"Hyung..ကျ​နော့်​ကို baekhyun​လေးနဲ့​တွေ့ခွင့်​​ပေးပါ.."

Chanyeol,kris​ရှေ့မှာ ဒူး​ထောက်​ပြင်​ထိုင်​လိုက်​ပြီး ခွင့်​​တောင်းလိုက်တယ်​။ဒါ​ပေမယ့်​ krisကမဲ့ပြုံးပြုံးပြီး...

"ဘာ..hyung..ငါက မင်းရဲ့ hyung?မ​ခေါ်စမ်းပါနဲ့ကွာ..ပြီး​တော့ ဘာ!!baekhyun​လေးနဲ့​တွေ့ခွင့်​​ပေးပါ ဟုတ်​လား?ရှက်​တတ်​ရင်​လဲသာ​သေလိုက်​​တော့ Park Chanyeol.."

"ကျ..ကျ​နော်​..baekရဲ့​အတိတ်​ကအ​ကြောင်း​တွေမသိခဲ့ဘူး hyung.."

သူ krisကို​မျှော်​လင့်​ချက်​အပြည့်​ပါတဲ့ မျက်​လုံး​တွေနဲ့​မော့ကြည့်​ပြီး​ပြောလိုက်​တယ်​..

"မသိခဲ့ဘူး..baekရဲ့ကိစ္စ​တွေကိုမသိခဲ့ဘူး။ဟုတ်​လား?ငါယုံမယ်​ထင်​​နေလား??"

"Hyung..ကျ​နော်​တကယ်​​ပြောတာပါဗျာ။baekhyunကိုDoe Jinပြန်​​ပေးဆွဲခဲ့တာကို ကျ​နော်​တကယ်​မသိခဲ့ဘူး..."

ပြောပြီး chanyeolငို​တော့ kris​ကြောင်​သွားတယ်​။ပြီးမှ...

"မသိခဲ့ဘဲနဲ့..ဒီပြဿနာ​တွေကို ဘာလို့ဖန်​တီးခဲ့တာလဲ??"

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now