Part-20(Final)

15.4K 1.1K 37
                                    

"Byun Yifan shi~ဘာကိစ္စရှိလို့ပါသလဲ??"တဲ့..

သူ့အ​ပြော​ကြောင့်​ ကျ​နော်​အံ့သြသွားသလို Yifan hyungရဲ့ လက်​တဖက်​ဟာလည်း ကျ​နော့်​ချစ်​သူရဲ့ မျက်​နှာထက်​..

"​ဖြောင်း.!"

"Baekhyun ah~~"

လည်​ထွက်​သွားတဲ့ ခန္ဓာကိုယ်​​သေး​သေး​လေးကို လဲကျမသွား​အောင်​ ကျ​နော်​အမြန်​ လှမ်းထိန်းလိုက်​ရတယ်​..

အခု Yifanက ကျ​နော့်​ချစ်​သူကို ဘာလုပ်​လိုက်​တာလဲ?ရိုက်​တယ်​??သူရဲ့တဦးတည်း​သော ညီကို...

ကျ​နော်​​မြတ်​နိုးရတဲ့ baekရဲ့ပါးကို...

"ခင်​ဗျား ဒါဘာလုပ်​တာလဲ?Byun Yifan!!!"

Baekhyunကို ကျ​နော့်​ရင်​ခွင်​ထဲ ​နောက်​က​နေ ဆွဲဖက်​လိုက်​ရင်း yifanကို ကျ​နော်​​ဒေါသတကြီး ​အော်​​မေးလိုက်​​တော့...

"ငါ့ညီငါရိုက်​တာ​လေ.."

သူ့အ​ပြော​ကြောင့်​...

"Huk....ရယ်​ရတယ်​.။အေး..တချိန်​က​တော့ ခင်​ဗျားညီဖြစ်​ခဲ့မယ်​.။ဒါ​ပေမယ့်​ အခုချိန်​မှာ​တော့ baekhyunက ကျ​နော့်​တရားဝင်​​ယောက်ျား။ခင်​ဗျားတို့ဘက်​က စွန့်​လွှတ်​လိုက်​ပြီဆို​တော့ baekhyunကို ခင်​ဗျားတို့ပိုင်​လည်းမပိုင်​​တော့သလို ဆိုင်​လည်းမဆိုင်​​တော့ဘူး..ကိုယ်​ထိလက်​​ရောက်​ မ​စော်​ကားပါနဲ့။."

ကျ​နော့်​စကား​တွေကို Yifanက မျက်​​​မှောင်​ကြုတ်​နား​ထောင်​​နေတယ်​.။ပြီးမှ ​လေပူတချက်​မှုတ်​ထုတ်​ပြီး ကျ​နော့်​ရင်​ခွင်​ထဲက သူ့ညီ Arnyi..ကျ​နော့်​baekhyunကို ​သေချာကြည့်​လိုက်​ပြီး..

"Byun Baekhyunမင်းပုံစံက ဘာဖြစ်​​နေတာလဲ?မင်းရဲ့ချစ်​လှပါချည်​ရဲ့ဆိုတဲ့ ​ယောက်ျားက ​ဘောင်းဘီမ၀ယ်​​ပေးလို့လား?အဲ့​အောက်​က ဘာကိစ္စနဲ့ ဘာမှမ၀တ်​ထားတာလဲ??စုတ်​ပြတ်​လှချည်​လား!!"

"ခင်​ဗျားနဲ့ မဆိုင်​ဘူး!!!"

ကျ​နော့်​လက်​ကြားထဲက​နေ ရုန်းပြီး ​အော်​လိုက်​တဲ့ baekhyunကိုယ်​​လေးကို လွှတ်​မသွား​အောင်​ ဆွဲထိန်းလိုက်​ရင်း..

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now