Part-9(Avenge's Second Step)

13.1K 1.2K 25
                                    

Baekhyunအိပ်​ယာကထထိုင်​လိုက်​​တော့ သူ့​ဘေးမှာ chanyeolကမရှိ​တော့..

"ဟင်​..အ​စောကြီးထသွားတာလား?မီးဖိုခန်းထဲမှာ​နေမှာပါ.."

Baekhyun​လေး ​ရေချိုးခန်းထဲဝင်​ ​ကျောင်းအ၀တ်​အစား​လေးလဲ၊မပါမဖြစ်​ liner​လေးဆင်​မြန်းပြီး ​အောက်​ထပ်​က မီးဖိုခန်းထဲကို ​မျှော်​လင့်​တကြီးဝင်​လိုက်​​တော့..

"ဟင်​..ရှိလည်းမရှိဘူး~ဘယ်​သွားတာပါလိမ့်​?"

Baekhyun,Chanyeolအခန်းဆီလာပြီး တံခါးဖွင့်​ကြည့်​​တော့ lockချထားတယ်​.။

"အင်​..ဘာလို့lockချထားတာလဲ?"

Chanyeolဆီဖုန်း​ခေါ်လိုက်​​တော့ တတိယ​ခေါ်ဆိုမှုကျမှဖုန်းကိုင်​တယ်​..

"Hyung.ဘယ်​.."

"ငါမအားလို့ မင်းဘာသာပဲ​ကျောင်းသွားလိုက်​​တော့၊ည​နေလည်း ငါအားချင်​မှအားမှာ..ဒါပဲ​နော်​.."

ခပ်​ပြတ်​ပြတ်​​ပြောပြီး တတီတီနဲ့ လိုင်းကျသွားတဲ့ဖုန်း​လေးကို ကြည့်​ပြီးသူ​ကြောင်​​ပြီးရပ်​​နေမိတယ်​..

သူ​တောင်​ဘာမှမ​ပြောလိုက်​ရ..။ချက်​ချင်းဆိုသလို ​ပြောချင်​ရာ​ပြောပြီးဖုန်းချသွားတယ်​မလား?

Baekhyunအ​တွေးထဲ​ပေါ်လာတာက hyungရဲ့ex girlfriend...

"တခါတ​လေ..ကျ​နော်​ hyungရဲ့စိတ်​ကိုနားမလည်​​တော့ဘူးhyungရာ.မ​နေ့ကတမျိုး ဒီမနက်​ကျ......"

စကား​တောင်​အဆုံးထိမ​ပြောနိုင်​ဘဲ baekhyunအခန်း​ရှေ့မှာတင်​ ငုတ်​တုပ်​​လေးထိုင်​ပြီးငိုချလိုက်​​တော့တယ်​...

>>>>>>>>>>>>>>>>>>>>>>>>>>>>>

"မျက်​နှာလည်း မ​ကောင်းပါလား?"

မေးခွန်းထုတ်​လာတဲ့ chenကိုကြည့်​ပြီး baekhyunခပ်​ဖြည်းဖြည်း​ခေါင်းခါပြလိုက်​တယ်

"ရန်​ဖြစ်​လာကြတာလား?မနက်​ကလည်း ​ကျောင်းလိုက်​မပို့ဘူးဆို​တော့..."

"Chennie ah~~ငါhyungကိုအဆုံးရှုံးမခံနိုင်​ဘူးကွ.."

"Baekhyun ah~~~"

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now