Part-12(Mistakable Avenge)
15.6K 1.2K 30
ဒီ​နေ့နဲ့ဆို သူbaekhyunနဲ့မ​တွေ့ရတာ ၃ရက်​ရှိသွားပြီ...
၃ရက်​လုံးလုံးလည်း အပြင်​မထွက်​ခဲ့...
ထို​နေ့..ထို​နေ့ညက လက်​​ကောက်​၀တ်​​သွေး​ကြောဖြတ်​ပြီး ​သွေးအိုင်​ထဲလဲ​နေတဲ့ baekhyunကိုယ်​​လေးက krisက​ပွေ့ချီပြီးထွက်​သွားခဲ့တယ်​..
Chenက​တော့ သူ့ပါး​စောင်​ထက်​ လက်​သီးတချက်​ လက်​​ဆောင်​​ပေးသွား​လေရဲ့..
ခုချိန်​ထိ သူbaekhyunအ​ခြေ​နေကို မသိရ​သေး.အသက်​ရှင်​လား..​သေလားလည်းမသိ..
မစုံစမ်းရဲပါဘူး..မစုံစမ်းပါရ​စေနဲ့။လောကကြီးမှာ မကြားချင်​ဆုံးစကားကို ကြားလိုက်​ရမှာစိုးလို့ပါ
အဲ့​နေ့ညက krisနဲ့chenတို့ သူ့အိမ်​က​နေထွက်​သွားပြီး ​တော်​​တော်​ကြာတဲ့အထိ သူ​နေရာက​နေ မလှုပ်​မိ
နောက်​မှ သူ့အခန်းထဲဝင်​ကြည့်​လိုက်​တယ်​..
သေချာပါတယ်​..သူ့က​လေး​လေးက သူ​မျှော်​လင့်​ထားတဲ့အတိုင်းပဲ ဓာတ်​ပုံ​တွေနဲ့သူထားခဲ့တဲ့ စာ​လေးကို​တွေ့သွားတယ်​​လေ..
Baekhyun​လေးက ဓာတ်​ပုံ​တွေအားလုံးကို ပြန်​​မှောက်​ထားခဲ့တယ်..မကြည့်​ချင်​လို့ ထင်​ပါရဲ့
ခေါင်းအုံးထက်​က သူထားခဲ့တဲ့စာ​လေးက..
    Byun Baekhyun...
               မင်းထင်နေမှာပေါ့ ငါမင်းကို ချစ်ခဲ့တယ်လို့...ဒါမယ့် ဘယ်လိုလုပ်ရပ ငါမင်းကိုမချစ်ဖူးကွ...မင်းလည်း ဓာတ်ပုံတွေမြင်ပြီးလောက်ရောပေါ့။
             Choi Doe Jin....မင်း​ကြောင့်​​သေခဲ့ရတဲ့ Choi Doe Jin..အဲ့ဒါ ငါ့အချစ်​ဆုံး သူငယ်​ချင်းကွ..​အေး.သူ့​သေဆုံးမှုအတွက်​ ငါမင်းကို လက်​စား​ချေဖို့ ချဉ်းကပ်​ခဲ့တာ..
            ငါ့ဆန္ဒ​တွေကို ဒီမှာတင်​ ရပ်​လိုက်​​တော့မယ်​။မင်းလည်း ငါ့အ​ကြောင်းသိ​လောက်​​ရော​ပေါ့..။
           ခွင့်​လွှတ်​မှု..။မ​တောင်းခံနဲ့ baekhyun.ဘာလို့လဲဆို​တော့ ငါမင်းကို ခွင့်​လွှတ်​မှာ မဟုတ်​လို့..။ငါလည်း မင်းဆီက ခွင့်​လွှတ်​မှုမ​တောင်းဆိုပါဘူး။ဘာလို့လဲ?ငါက အမှားလုပ်​ခဲ့သူ မဟုတ်​လို့​လေ...
Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now