Part-18

14.7K 1.1K 26
                                    

"ကျ​နော်​hyungနဲ့ တူတူမလိုက်​ခဲ့နိုင်​ဘူး Hyung.."

Baekhyunစကား​ကြောင့်​ ကျ​နော်​​နေရာမှာတင်​ ကြက်​​သေ​သေသွားတယ်​..

"ကျ​နော်​တို့ဒီပြင်​နည်းရှာလို့ရပါတယ်​..ထွက်​​ပြေးတာမ​ကောင်းဘူး​လေ..hyungကျ​နော်​​ပြောတာကြားလား...hyungလို့...hyung..."

ကျ​နော့်​လက်​​မောင်းကို ဆွဲလှုပ်​လိုက်​မှ ကျ​နော်​ထိန်းထားခဲ့တဲ့ ကျ​နော့်​မျက်​ရည်​​တွေ ပါးထက်​စီးကျလာ​တော့တယ်​...

"Hyungငိုတယ်​...ဘာလို့လဲ??"

"Baekအရင်​လို ကိုယ့်​ကိုမချစ်​​တော့ဘူး..."

"ဘယ်​လို??"

"ကိုယ့်​ကိုအရင်​လို မချစ်​​တော့ဘူးလား??"

ကျ​နော်​မျက်​ရည်​​တွေကြားထဲက​နေ အားတင်းပြီး​မေးလိုက်​တယ်​..

"ကျ​နော်​hyungကို အရင်​ကထက်​​တောင်​ ပိုချစ်​တာပါဗျာ...ဘာလို့ အဲ့လို​ပြောရတာလဲ??"

ကျ​နော့်​မျက်​ရည်​​တွေကို မမှီတမှီနဲ့လာသုတ်​​ပေး​နေတဲ့ ​ကောင်​​လေးကိုရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​ပြီး...

"​ဒါဆိုဘာလို့ကိုယ်​နဲ့လိုက်​ခဲ့ဖို့ငြင်းရတာလဲ?အရင်​က ကိုယ့်​က​လေး​လေးက ကိုယ်​ဘာလုပ်​လုပ်​လိုက်​လုပ်​​ပေးမယ့်​သူ​လေး​လေ.."

"ဟာ..hyungကလည်းဗျာ..။ကျ​နော်နဲ့hyungက ခုလိုမျိုးအ​ဝေးကိုထွက်​​ပြေးသွားတယ်​ပဲထား​တော့...Yifan geကလိုက်​မရှာဘူးထင်​လို့လား??ရှာလို့​တွေ့သွားရင်​hyungကိုနာကျင်​​အောင်​လုပ်​ကြမှာဗျ..ကျ​နော့်​​ကြောင့်​hyungနာကျင်​ရမှာကိုမလိုလားဘူး.."

ကျ​နော့်​ခါးကိုအတင်းဖက်​တွယ်​ပြီး ရင်​ခွင်​ထဲက​နေ ချွဲနွဲ့​ပြော​နေတဲ့ ချစ်​ရသူ​လေးကို ပိုတိုးလို့ဖက်​လိုက်​ရင်း...

"ဒါမယ့်​...ဒီတိုင်းသာဆိုရင်​ ကိုယ်​တို့​ဝေးကြရမယ်​​လေ..."

"တခြားနည်းလမ်းရှိမှာပါ.."

"ကိုယ်​မသိ​တော့ဘူးbaek..အားလုံးက ကိုယ့်​အမှားချည်းပဲ။မင်းကိုစိတ်​ဒုက္ခ​တွေမ​ပေးခဲ့ရင်​ ကိုယ်​တို့ချစ်​ခရီးလမ်းက ဒီ​လိုမျိုးဖြစ်​မှာမဟုတ်​ဘူး..။ကိုယ်​..ကိုယ်​​တောင်းပန်​ပါတယ်​ကွာ...မင်းကိုစိတ်​ဒဏ်​ရာ​တွေပဲ ဆက်​တိုက်​​ပေး​နေမိလို့..."

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now