Chapter -1

971 80 13
                                    

လူငယ်များရဲ့အိမ်မက်ဟာဆယ်တန်းအောင်ပြီး တက္ကသိုလ်ကိုဝင်ရောက်နိုင်ဖို့ဖြစ်ကြတယ်..ဒါပေမဲ့တစ်ချို့လူငယ်များအတွက်ကတော့မဖြစ်နိုင်ခဲ့ကြပေ။ သို့ပေမဲ့လည်းအိမ်မက်တွေကိုလက်မလျော့ပဲဆက်လက်ဖြေဆိုကြတဲ့ လူငယ်များလည်းရှိသည်။

%^# တက္ကသိုလ်ဟာသာမန်တက္ကသိုလ်များနှင့်မတူပဲ ချမ်းသာလှတဲ့သူများသာတက်ရောက်နိုင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်သည်။ ထိုတက္ကသိုလ်မှာတက်ရောက်တဲ့သူတွေဟာ မျိုးရိုးနိမ့်တစ်ယောက်မှမရှိပဲ နောက်ခံအလွန်ကြီးမားလှတယ်..ပညာရေးကလည်းမြင့်မားကြတာကြောင့် ဆရာဆရာမများဟာပညာရေးကိုမထိခိုက်သရွေ့ ဘာမှမပြောကြပေ။ ထိုတက္ကသိုလ်ထဲမှာ အလယ်အလတ်တန်းစားသာမန်လူတန်းများတစ်ယောက်တစ်လေတောင်မရှိ။ ငွေကြေးကလည်းအလွန်ကြီးမားတဲ့အပြင် ပညာရေးကလည်းအလွန်မြင့်မားတာကြောင့် လွယ်လွယ်နဲ့မဝင်နိုင်။

တက္ကသိုလ်ဝင်ပေါက်နားလောက်မှာ စတိုင်ကျကျနဲ့မတ်တပ်ရပ်ပြီးဖုန်းကြည့်နေတဲ့ အသားညိုရောင် ကောင်ချောလေးတစ်ယောက်ရှိသည်။ တစ်ချို့မိန်းကလေးတွေဆိုရင်တက္ကသိုလ်ဝင်းထဲမဝင်သေးပဲ ထိုကောင်ချောလေးကိုငမ်းနေကြ။ ဒါပေမဲ့ထိုကောင်လေးကတော့ဘယ်သူ့ကိုမှဂရုစိုက်မနေပေ။

ကောင်မလေးနှစ်ယောက်ဟာသူတို့မှာရှိတဲ့ သတ္တိတွေကို စုပြီးထိုကောင်လေးဆီလျှောက်သွားခဲ့။

" အကို..ဟိုလေ..ညီမကအကိုကိုခင်.."

" I am gay.."

" ????.."
ကောင်မလေးနှစ်ယောက်လုံးမျက်လုံးပြူးသွားပြီး ခေါင်းပြိုင်တူညိမ့်ပြလိုက်ကာတက္ကသိုလ်ဝင်းထဲဝင်သွားတော့သည်။ ထိုကောင်လေးနဲ့အလှမ်းဝေးဝေးရောက်မှ...

" သူငယ်ချင်းအခုငါ..ရှ..ရှသွားတာလား.."

" ဂုဏ်ယူပါတယ်သူငယ်ချင်းနင်အခု တက္ကသိုလ်စတက်တဲ့နေ့မှာပဲရှသွားတာ..ညနေကျရင်နင်အရှခံရတဲ့အထိမ်းအမှတ်နဲ့ ငါမုန့်လိုက်ဝယ်ကျွေးမယ်.."

" သေနာမ.."

" အဲ့အချောလေးကမဖြောင့်တော့တဲ့ဂေးနော်.."

" အမလေး.."²
ကောင်ချောလေးကိုစကားသွားပြောတဲ့နှစ်ယောက်ဟာ သူတို့ကြားထဲဝင်လာပြီးစကားပြောတဲ့သူကြောင့် လန့်သွားကြတယ်..ကောင်မလေးဟာလက်ပိုက်ပြီးထိုကောင်မလေးနှစ်​​ယောက်ကိုကြည့်ပြီး တက္ကသိုလ်အပေါက်ဝကတစ်ယောက်ကိုလှမ်းကြည့်လိုက်ကာ..

Mr.Zin (s-2)Opowieści tętniące życiem. Odkryj je teraz