Chapter -12

172 23 3
                                    


​ပြည့်စုံဟာသူတို့ရှေ့မှာရပ်ပြီး စိတ်ပျက်တဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့သူတွေကို ဘုကလန့်ပြန်ကြည့်လိုက်ကာ..

" ဘာကိစ္စလည်း..."

" ဟန့်..ဗီဒီယိုထဲကအတိုင်းရိုင်းတာ.."

" ဘာလည်းဟ..ဘာကိစ္စလည်းလို့မေးတာရိုင်းတာပဲလား..ဘာလည်းကျွန်တော်ကဟိုလေဘာကိစ္စလေးများရှိလို့လည်းဟင်..ဘာများဖြစ်လို့လည်း.. အဲ့လိုစကာမျိုးကိုငပိသံနဲ့ပြောရမှာလား..."

" နင်..နင်အကြီးကိုပြန်ခံပြောနေပါလား.."

" ပြန်ခံမပြောလို့ရမလား ဒီကအစ်မပြောနေတာရောမှန်လို့လား..ကျွန်တော်ပါးစပ်ကဘာထွက်ထွက်အပြစ်ပြောနေမှာပဲလေ ဘာလည်းကျွန်တော်ကပါးစပ်ပိတ်ပြီးငြိမ်ခံနေရမှာလား..."

" ငြိမ်ဖို့ပြောနေတာမဟုတ်ဘူး..စကားအသုံးအနှုန်းလေသံကိုပြင်ခိုင်းတာ..အခုဟာကမင်းရဲ့လေသံရောစကားအသုံးအနှုန်းကတော့အချိုးကိုမပြေဘူး.."
ဆိုပြီးထိုတစ်ယောက်ရဲ့နောက်ကကောင်လေးဟာထပြောလိုက်သည်။

ခုနကပြန်ဖို့လုပ်နေကြတဲ့ကျောင်းသားတစ်ချို့ရော စပ်စုသမားလေးတွေကတော့ဘေးနားမှာဝိုင်းအုန်လာခဲ့တယ်..တစ်ချို့ကတော့အကြီးတွေပြောနေတာကိုသဘောမကျကြပေ။ တစ်ချို့ကတော့ခေါင်းတစ်ငြိမ်ငြိမ်နဲ့ထောက်ခံကြ။ ဇင်ပိုင်ကတော့ဘာဆိုဘာမှကိုဝင်မပြောပဲ ပြည့်စုံနဲ့သာလွှတ်ထားလိုက်တယ်..

" ဒါဆိုရင်လည်းအကိုပြောပါအုန်း ကျွန်တော်ကဘယ်လိုမျိုးလေးပြောပေးရအုန်းမှာလည်း.."

" ဘယ်လိုမျိုးပြောပေးရမှာလည်းမဟုတ်ဘူး..အကြီးကပြောရင်ငြိမ်သင့်ရင်ငြိမ်နေ ပြန်ပြောသင့်ရင်လေချိုချိုသာသာလေးပြန်ပြောပေါ့ အခုတော့မင်းပြောတာတွေကနားကြားလို့တောင်မကောင်းဘူး..."

" အကိုပြောချင်တဲ့ကိစ္စကိုသာပြော ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့ ဒီကသူတွေအားလုံးဒီကိုလာတာဆုံးမဖို့ပဲမဟုတ်ဘူးမှတ်လား တခြားတစ်ခုပြောချင်နေကြတာမှတ်လား..."

ပြည့်စုံတို့ဆီလာတဲ့သူတွေဟာအချင်းချင်းပြန်ကြည့်ပြီး ကောင်မလေးတစ်ယောက်က..

Mr.Zin (s-2)Where stories live. Discover now