Chapter -11

296 27 4
                                    


ပြည့်စုံအခုတလောသူ့အိမ်ကိုတောင်သိပ်မပြန်ဖြစ်။ ရန်ဖူတို့အိမ်မှာသာသူလိုက်နေခဲ့တယ်..အိမ်မှာဆိုရင်လည်းသူတစ်ယောက်ထဲသာရှိပြီး သူ့မိဘနှစ်ပါးကနိုင်ငံခြားကို ခရီးထွက်သွားခဲ့တယ်..ဒါပေမဲ့သူနဲ့တော့အမြဲတမ်းဖုန်းပြောဖြစ်ခဲ့။

ရန်ဖူတို့အိမ်ဟာတခြားအိမ်တွေနဲ့အတော်ဝေးကွာတဲ့အပြင် သူတို့အိမ်ကိုတွေ့ရင်ဒါလူနေရဲ့လားလို့တောင်ထင်ကြလိမ်မယ်..ဘာလို့လည်းဆိုတော့အိမ်ဝန်းထဲမှာမြက်များစွာနဲ့ သစ်ပင်ကြီးလည်းရှိသည်။ လူသွားလမ်းတွေတောင်မရှိပေ။ အိမ်ကလည်းနွယ်ပင်များနဲ့လွှမ်းခြုံထားတဲ့အပြင် အရောင်ကလည်းမှေးမှိန်သွားခဲ့။

ဒါကြောင့်ထိုအိမ်ကိုမြင်တာကြောင့်စိတ်ခြောက်ခြားနိုင်တယ်...ဒါပေမဲ့သူတို့မသိတာဟာထိုအိမ်ရဲ့အတွင်းပုံစံကိုပေါ့။ ထိုအိမ်ရဲ့အတွင်းဟာတကယ့်သူဌေးတွေသာ ဖန်တီးနိုင်တဲ့ပုံစံမျိုးပေ။ အပြင်ကနဲ့လုံးဝမတူပဲအတွင်းထဲမှာသန့်ရှင်းသပ်ရပ်နေခဲ့။ အခန်းတွေကအများကြီးရှိတဲ့အပြင် အားကစားလုပ်ခန်း ဂိမ်းဆော့ခန်းအဝတ်လဲခန်းနောက်ပြီး လျို့ဝှက်ခန်းများစွာလည်းရှိသည်။

ဟိုတစ်ခါတုန်းကဇင်ပိုင်ကိုသူတို့ခေါ်လာတဲ့အိမ်က သူတို့အိမ်သာဖြစ်သည်။ အဲ့တုန်းကဆိုရင်ဇင်ပိုင်ပါးစပ်အဟောင်းသား အဲ့လောက်ထိအထဲမှာက သူမထင်ထားတာထက်အဆပေါင်းများစွာ သန့်ရှင်းသပ်ရပ်နေတာကို​မြင်လိုက်ရတော့ သူမအံသြပဲမနေခဲ့ပေ။

ယခုတော့ပြည့်စုံဟာသူစဥ်းစားထားတဲ့အစီအစဥ်တစ်ခု ဇင်ပိုင်ကိုဖုန်းလှမ်းဆက်ပြီးပြောဖို့လုပ်တော့သည်။ ဒါပေမဲ့သူဇင်ပိုင်ဖုန်းကိုဆက်လို့ရပေမဲ့တစ်ဖက်ကမကိုင်ပေ။ ပြည့်စုံဟာဇင်ပိုင်မအားလို့များလားဆိုပြီး " အားရင်ဖုန်းပြန်ဆက်ဖို့ " စာသာပို့လိုက်တယ်..တစ်ဖက်မှာတော့ကျန်းဖေးဟာပြည့်စုံပို့လိုက်တဲ့စာကို ကြည့်နေမိတယ်..

ဇင်ပိုင်အိပ်နေတဲ့အတွက်ဖုန်းသံကြောင့် အနှောက်အယှက်မဖြစ်အောင်သူတိုးလိုက်တာဖြစ်သည်။ သူကိုင်လို့ကလည်းမရသူရှိနေတာတစ်ဖက်သူသိသွားမှာ မလိုလားတာကြောင့်ပေါ့။ သူလည်းအနည်းငယ်အိပ်ငိုက်လာတာကြောင့်မှေးဖို့လုပ်တော့ တံခါးခေါက်သံကိုကြားလိုက်တဲ့အတွက် ဇင်ပိုင်ဟာချက်ချင်းလန့်နိုးလာခဲ့တယ်..

Mr.Zin (s-2)Where stories live. Discover now