Chapter -16

254 27 4
                                    


ဇင်ပိုင်ရဲ့ကွန်ဒိုအခန်းလေးထဲမှာတော့ ပြည့်စုံဟာဇင်ပိုင်ရဲ့ပစ္စည်းတွေကို လိုက်စပ်စုကာကြည့်နေတဲ့ ကျွမ်းကျိုးဆိုတဲ့ကောင်လေးကိုအကဲခတ်နေခဲ့။ ဇင်ပိုင်ကတော့အချိုရည်သုံးခွက်နဲ့မုန့်တွေကိုသယ်ကာထွက်လာခဲ့တယ်..ကျွမ်းကျိုးဟာဇင်ပိုင်လာတာလည်းတွေ့ရောဇင်ပိုင်နဲ့ပြည့်စုံရဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ဇင်ပိုင်ယူလာတဲ့အချိုရည်နဲ့မုန့်တွေကိုစားနေခဲ့။

ပြည့်စုံဟာဇင်ပိုင်နားကပ်သွားပြီး..တိုးတိုးလေးနဲ့..

" သူဘယ်သူလည်း.."

" ငါဒီအခန်းကိုရပြီးမကြာခင်တုန်းကငါ့အိမ်မှာ အတိတ်မေ့နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ပြောဖူးတယ်လေ..အဲ့ကောင်လေးကသူပဲ.."
ပြည့်စုံဟာစဥ်းစားရကြပ်သွားခဲ့။ မနည်းစဥ်းစားလည်းပြီးရော သူဝရံတာမှာတွေ့ခဲ့တဲ့ကောင်လေးတစ်ယောက်ဆိုတာ သူသိလိုက်တယ်..အရှေ့ကကျွမ်းကျိုးကိုလက်ညိုးထိုးပြီး..

" အဲ့ကောင်လေးကသူလား..အဲ့တုန်းကအဲ့တစ်ယောက်အတိတ်မမေ့ပဲမင်းဆီကပ်နေတာမဟုတ်ဘူးလား..အခုသူကဘာလာလုပ်တာလည်း.."

" သူbossလွှတ်လိုက်တာလေ.."

" boss ဒါဆိုရင်သူကဟိုKoဆိုတဲ့ဂိုဏ်ကဂိုဏ်သားပေါ့ ဒါဆိုရင်ဟိုအရင်ထဲကသူတို့မင်းကိုစောင့်ကြည့်နေကြတာလား...ဟိုကောင်လေးမင်းတို့ကဘာလည်းဇင်ပိုင်ကို ဒုက္ခပေးဖို့ရောက်လာတာလားမင်းတို့ရည်ရွယ်ချက်ကဘာလည်း.."

" အကိုဇင်ပိုင်အကို့သူငယ်ချင်းကလည်းစကားများလိုက်တာဗျာ..ကျွန်တော်တို့ကအကိုဇင်ပိုင်ကိုထိခိုက်အောင်လုပ်ပါ့မလား..ပြီးတော့အကိုတို့လည်းကျွန်တော်တို့ဂိုဏ်အကြောင်းစုံစမ်းထားတယ်မှတ်လား..ကျွန်တော်တို့သာအကိုတို့နှစ်​​ယောက်ကိုအန္တာရယ်ပေးချင်ရင် စောင့်စရာတောင်မလိုဘူးချက်ချင်းသတ်လို့ရတယ်.."

ထိုကောင်လေးပြောတာလည်းမှန်နေတာကြောင့် ပြည့်စုံဘာမှမ​ပြောနိုင်။

" ငါတို့သိချင်တဲ့အဖြေကိုမင်းဖြေပေးနိုင်မလား.."

" ဖြေပေးနိုင်ပါတယ်ဒါပေမဲ့တစ်ချို့မေးခွန်းတွေကတော့ အခုချက်ချင်ဖြေပေးလို့မရဘူး..သိချိန်တန်မှဖြေပေးလို့ရမှာ.."

Mr.Zin (s-2)Where stories live. Discover now