Chapter -2

583 67 8
                                    


ဆေးချတဲ့ဆရာဟာဇင်ပိုင်နဲ့ပြည့်စုံတို့ကိုအပြစ်မရှိအပြစ်ရှာတဲ့အပြင် သူ့အချိန်ဆိုရင်သူတို့နှစ်ယောက်ကိုအကြောင်းမျိုးမျိုးပြပြီး နှင်ထုတ်ခဲ့။ တခြားဆရာတွေကပြောပေမဲ့သူကတော့ဂရုမစိုက်ပေ။ ဆရာများကလည်းပြောပေမဲ့သိပ်မပြောရဲ။ ဘာလို့လည်းဆိုတော့သူ့နောက်မှာကအထက်ရဲအရာရှိတစ်ယောက်ရှိနေတာကြောင့်ဖြစ်သည်။ သူ့အဖေဟာရဲအရာရှိကြီးတစ်ဦးဖြစ်ပြီး ဝန်ကြီးနဲ့တောင်ခင်လေသည်။ ဒါကြောင့်သူတို့ကိုတစ်ခုခုလုပ်မှာကြောက်တာကြောင့် သိပ်မပြောရဲတာဖြစ်တယ်...

ဇင်ပိုင်နဲ့ပြည့်စုံဟာ first year တွေဖြစ်တာကြောင့်ပြသနာမကြီးချင်တာကြောင့်ရယ် သူတို့ကိုလူတွေအာရုံမစိုက်လာစေချင်တာကြောင့်ရယ်ကြောင့် ငြိမ်ခံလိုက်တယ်...ဒါပေမဲ့တဖြေးဖြေးဆိုးလာလေသည်။ ဇင်ပိုင်ရောပြည့်စုံရောသည်းမခံနိုင်ပဲဒေါသထွက်လာတဲ့အချိန်ဟာ ထိုဆရာဇင်ပိုင်အမေလေးနဲ့လင်းမောင်လေးကို မကောင်းကြောင်းပြောတဲ့အချိန်ဖြစ်သည်။

အဲ့အချိန်မှာပဲသူတို့နှစ်ယောက်သည်းမခံနိုင်ဖြစ်လာခဲ့ပြီးအဲ့ဆရာကို ပြန်ဆုံးမဖို့ဆုံးဖြတ်ခဲ့ကြ။ နောက်တစ်နေ့ရောက်ရောထိုဆရာဟာထုံးစံတိုင်းသူ့တန်းအချိန်လည်းရောက်ရော ဝင်လာပြီးဇင်ပိုင်နဲ့ပြည့်စုံကိုအတန်းပြင်နှင်ထုတ်လေတယ်..ဒါပေမဲ့ဇင်ပိုင်နဲ့ပြည့်စုံဟာအပြင်ကိုမထွက်ပဲဆရာဖြစ်သူကို ပေစောင်းစောင်းနဲ့ကြည့်လိုက်သည်။ ထိုအချိန်မှာပဲဆရာဖြစ်သူဟာသူ့ရဲ့စကားကို နားမထောင်တဲ့ကျောင်းသားဆိုးဘာဖြစ်တယ်ဘညာဖြစ်တယ်ဆိုပြီး ပြောလေသည်။

ပြည့်စုံနဲ့ဇင်ပိုင်ကတော့အလေးမစိုက်တဲ့အကြည့်တွေနဲ့သာကြည့်နေလိုက်တယ်..ထိုဆရာဟာအတန်းထဲမရောက်ခင် ဆေးအနည်းငယ်ချထားတာကြောင့် ဇင်ပိုင်တို့ရဲ့အပြုအမူတွေကြောင့်ဒေါသတဖြေးဖြေးထွက်လာခဲ့ပြီး ဂနာမငြိမ်ဖြစ်လာခဲ့တယ်..သူ့အရှေ့က စားပွဲခုံပေါ်ကစာရေးကိရိယာတွေကိုအောက်သို့ကျအောင် လွှဲချလိုက်တယ်...အတန်းထဲကသူများကလည်းဆရာဒေါသထွက်လာလို့ကြောက်သွားကြတယ်..

Mr.Zin (s-2)Where stories live. Discover now