Chapter -17

237 25 10
                                    

( အပေါ်ကတစ်​ယောက်ကအောင်ချမ်းသာပါ ရှလွတ် )

ဇင်ပိုင်ဟာဒီနေ့ညနေကတွေ့ခဲ့တဲ့ဧည့်သည်နှစ်ယောက်ကြောင့် စိတ်အခြေအနေမကောင်းပေ။ ပြည့်စုံကတော့ဇင်ပိုင်မျက်နှာပျက်နေတဲ့အတွက် ထိုနှစ်ယောက်ကကောင်းတဲ့သူမဟုတ်မှန်းသူသိလိုက်တယ်..ချက်ချင်းအကိုမင်းခန့်ဆီဖုန်းဆက်ကာဒီနေ့မိတ်ဆက်တဲ့သူနှစ်​ယောက်နာမည်ကိုပြောပြလိုက်ပြီး စုံစမ်းခိုင်းလိုက်တယ်..

လွန်ခဲ့တဲ့နာရီဝက်က.....

ဇင်ပိုင်ဟာသူ့အရှေ့ကသူဘယ်သူမှန်းသူသိနေတဲ့အတွက် သူ့ကိုအမျိုးတော်ရတော့မယ်လို့ပြောလာတာကြောင့် ဒေါသတွေထွက်လာခဲ့တယ်...သူ့ဒေါသကိုအရှေ့ကသူကလည်းသတိထားမိတာကြောင့်...

" စိတ်မပူပါနဲ့ငါတို့ကကောင်းပါတယ်..ပြီးတော့ငါဦးလေးကလည်းလူကောင်း..ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့မေ့နေတာ ငါ့နာမည်ကအောင်ချမ်းသာသူကတော့ ကိုပိုင်စိုး...ကဲဒေါ်လေးတို့စာလုပ်နေတာမနှောက်ယှက်တော့ဘူး...bye bye See you later..."

တစ်ယောက်ထဲပြောပြီးထွက်သွားခဲ့...ပိုင်စိုးဆိုတဲ့သူကလည်းပြည့်စုံနဲ့ဇင်ပိုင်ကိုအကဲခတ်ကာထွက်သွားတော့သည်။ ဇင်ပိုင်ဟာထိုသူနှစ်ယောက်ကြောင့် သူပြန်လည်မမွေးဖွားခင်တုန်းကကိစ္စများကိုသာ ပြန်မှတ်မိလာတော့သည်။

ပြောရမယ်ဆိုရင်ထိုမှတ်ညဏ်တွေကသူမမှတ်မိချင်ဆုံးပေ။ သူ့ဆီလာတဲ့အောင်ချမ်းသာက ဦးအောင်နိုင်ရဲ့တူဖြစ်ပြီး လင်းမောင်နဲ့ပြည့်စုံသေတဲ့ကိစ္စမှာ သူပါနေခဲ့တယ်...သူ့ကိုဦးအောင်နိုင်ကသူ့တူအောင်ချမ်းနဲ့မိတ်ဆက်ခဲ့။ အဲ့တုန်းကလည်းဒီအတိုင်းပေ။ သူ့ကိုဖော်ရွေတဲ့အပြင်ဒေါ်လေးလို့တောင်ခေါ်ခဲ့တယ်..သူအဲ့တုန်းကဆိုရင်အရမ်းရမ်းပျော်နေခဲ့။

သူချစ်ရတဲ့ဦးဆိုတဲ့သူရဲ့မိသားစုဝင်ကသူ့ကိုလက်ခံတဲ့အတွက်ပေါ့။ ဒါပေမဲ့သူမသိခဲ့တာဟာအောင်ချမ်းကဟန်ဆောင်နေခဲ့တာကိုပေါ့။ သူ့ဦးလေးမှာလို့သာဇင်ပိုင်ကိုကောင်းကောင်းဆက်ဆံခဲ့တာဖြစ်တယ်..နောက်ကွယ်မှာတော့ဇင်ပိုင်ကိုရွံရှာတဲ့အကြည့်တွေနဲ့သာကြည့်နေခဲ့။

Mr.Zin (s-2)Onde as histórias ganham vida. Descobre agora