အပိုင်း ၁

273 17 0
                                    

အချို့သောအရာတွေကလွယ်လွယ်ရနိုင်ပေမယ့် စွန့်ပစ်ဖို့အတွက်ကတော့သိပ့်ကိုခက်ခဲလွန်းတယ်။

နွေဦးဆိုသည့်အတိုင်း ချယ်ရီပန်း‌လေးတွေပွင့်ချင်တိုင်းပွင့်ပြီး ကြွေချင်တိုင်းကြွေနေကြသည်။

‌ချယ်ရီပင်အောက်မှာ ထိုင်ပြီးစာအုပ်ဖတ်နေတဲ့ဆောင်းဟန်ဘင်း။
စာအုပ်ဖတ်နေရင်း ‌တစ်ခြားဖက်ကပစ်လိုက်တဲ့ဘောလုံးကသူ့နှာခေါင်းကိုတိုက်ရိုက်ထိသွားသည်။ သူစာအုပ်ကိုပိတ်လိုက်ပြီးနှာခေါင်းကိုကိုင်ကြည့်တော့ နှာခေါင်းသွေးလျှံသွာသည့်ဟန်...။

ထိုအချိန် ကောင်လေးတစ်ယောက်ကလာပြီး

"တောင်းပန်ပါတယ်.."

အသံကြားလိုက်တော့ သူလှမ်းကြည့်မိသည်
နို့နှစ်ရောင်အသားအရောင် ရှိတဲ့ကောင်လေးတစ်ယောက်ကသူ့ကိုလာတောင်းပန်သည်။

"ရပါတယ်"

သူထိုင်ခုံကနေထဖို့လုပ်လိုက်တဲ့အချိန်မှာ..

"ခဏလေး..နှာခေါင်းမှာသွေးထွက်နေတယ်

ယူထားလိုက်ပါ"

ကောင်လေးကအဖြူရောင်လက်ကိုင်ပုဝါလေးကို သူ့ဘောင်းဘီအိတ်ထဲကထုတ်ပေးလိုက်ပြီး ဟန်ဘင်းရဲ့လက်ထဲကိုထည့်ပေးလိုက်သည်။

"ကျေးဇူးတင်..."

စကားမဆုံးသေးခင် ဘောလုံးကောက်ပြီး ပြေးထွက်သွားသည်။
အရင်ဆုံး နှာခေါင်းသွေးလျှံနေတာကိုသုတ်ပစ်လိုက်ပြီး အိမ်ပြန်ဖို့အတွက် ခြေလှမ်းစလိုက်သည်။
သူအိမ်ရောက်တော့ ခုနလက်ကိုင်ပုဝါလေးကို လျှော်ဖို့ရေချိုးခန်းထဲဝင်လိုက်သည်။ သူသတိထားမိလိုက်တာက လက်ကိုင်ပုဝါလေးရဲ့အစွန်းထောင့်လေးမှာ စာလုံးလေးတစ်လုံးကိုသူမြင်သွားသည်။

"昊"တဲ့

"သူက တရုတ်ကနေလာတာများလား"

အဲဒါကြောင့် သူ့ကိုလာတောင်းပန်တုန်းက
စကားကို မပီကလာ ပီကလာနဲ့ပြောနေတဲ့
ကောင်လေးကိုစဉ်းစားမိရင်းနှုတ်ခမ်းကော့ရုံ ပြုံးမိသည်။

________________________________

နောက်သွားတဲ့ မီယားနဲ" သာသာ အလုပ်ကလည်းရှုပ်နေတာနဲ့ ဘယ်လိုရေးရမလဲဆိုပြီးစဉ်းစားနေတာနဲ့ နောက်ကျသွားတာပါ
ဒီအပိုင်းကတိုတိုလေးပါပဲ နောက်ပိုင်းတွေမှရှည်ရှည်လေးရေးပေးပါ့မယ်။ဖတ်ပြီးရင်လည်း ကြယ်လေးကိုလည်းနှိပ်ပေးပါ အဲဒါမှစာရေးရတာအားတတ်အောင်

Once Again [BinHao]♡Donde viven las historias. Descúbrelo ahora