အပိုင်း ၄

102 12 0
                                    

အချိန်တွေတဖြည်းဖြည်းကုန်လွန်လာသည်နှင့်အမျှသူတို့နှစ်ယောက်ကြားရဲ့ဆက်ဆံရေးကအရင်လိုမဟုတ်တော့ပဲသူငယ်ချင်းဆိုတဲ့ခေါင်းစဥ်အောက်ကိုရောက်လာခဲ့ပြီ။

ဒီနေ့ကချယ်ရီပန်းတွေနောက်ဆုံးပွင့်တဲ့နေ့မို့လို့ အတူတူကြည့်ဖို့လုပ်ထားသည်။ ဟာအိုအပေါ်ကဆွယ်တာအ၀ါရောင်လေး၀တ်ထားပြီဂျင်းဘောင်းဘီတိုလေးကို၀တ်ထားသည်။ဘောင်းဘီအိတ်ထဲလက်လေးထည်ပြီး ဟန်ဘင်းအလာကိုစောင့်နေသည်။

"ဆောင်းဟန်ဘင်း ဒီနေ့ကိုမေ့နေပြီလား မသိဘူး"

ခနကြာတော့ရောက်လာပါပြီကိုယ်တော်ချော။ဒီနေ့ကျတော့သန််ရပ်နေလိုက်တာ။

"Hao ge..."

"ရောက်လာပြီလား ငါကမေ့နေပြီထင်တာ"

"ဟျောင်းကလည်း..ကျွန်တော်မမေ့ပါဘူးနော်"

"လာ...မြန်မြန်သွားရအောင်"

ဟာအိုစိတ်ကောက်ကာ ရှေ့ကနေခြေလှမ်းခပ်မြန်မြန်နှင့်လျှောက်သွားသည်။

"Hao ge..

Hao ge!!"

သူဒီလောက်အော်ပေမယ့်ဟိုကလှည့်တောင်မကြည့်။
ဟန်ဘင်း ဟာအိုနောက်ကိုမှီအောင်အမြန်ပြေးလိုက်ရသည်။
ဒီဟျောင်း 1နာရီလေးနောက်ကျတာကိုကောက်နေလိုက်တာ။
တကယ်တော့ဟာအိုသူ့ကိုခေါ်ထားတာ8နာရီကတည်းကပင် သူရောက်လာတာက9နာရီစောင်းနေပြီဖြစ်သည်။

"ဟာအိုဟျောင်း ကျွန်တော်...တောင်းပန်ပါတယ်"

"..."
ဟာအိုမျက်စောင်းနဲ့တစ်ချက်ကြည့်လိုက်ပြီး

"တောင်းပန်ပါတယ်လို့..."

ဟန်ဘင်းကဟာအိုရဲ့အင်ကျီလက်စကိုဆွဲကာနှုတ်ခမ်းလေးဆူပြီးလာချွဲတော့ ဟာအိုဟိုဘက်လှည့်ပြီးခိုးရီီလိုက်သည်။

"ဘာလည်း ဟျောင်းကရီတယ်ပေါ့"

"မရီပါဘူး"

"အဲဆိုဘာလို့ဟိုဘက်ကိုလှည့်လိုက်တာလည်း"

"ဟမ်...အဲဒါက..

ခြင်လေ...ခြင်မျက်စိရှေ့လာ၀ဲနေလို့"

ခိုးရီတာကိုမိသွားသေးတယ်။ဆောင်းဟန်ဘင်းတို့မျက်စိလျင်ချက်။
ဟာအိုနာရီကြည့်လိုက်တော့9နာရီခွဲတော့မည်။

"မြန်မြန်သွားရအောင် နောက်ကျနေပြီ"

"အင်း..."

____________________________________
ချယ်ရီပန်းတွေနောက်ဆုံးပွင့်တဲ့နေ့မို့လို့လားမသိလာကြည့်တဲ့လူတွေများသည်။တစ်ချို့ကမိသားစုနဲ့အတူလာသလို တစ်ချို့ကချစ်သူရည်းစားနဲ့လည်းလာကြည့်ကြသည်။

*လူတွေကများလိုက်တာ ဒီလိုလူများတဲ့နေရာကိုမကြိုက်ပါဘူးဆို
လူနည်းတဲ့နေရာကိုလိုက်ရှာကြည့်ရမယ်*

"ဟျောင်း လူများတဲ့နေရာကိုမကြိုက်ဘူးလား"

ရုတ်တရက်"လူများတဲ့နေရာကိုမကြိုက်ဘူးလား"လာမေးတော့အံ့သြသွားသည့်ဟန်။သူငါ့စိတ်ကိုဖတ်လိုက်တာလား?ဟာအိုတစ်ချက်တွေးမိသည်။

"ဟမ်..အင်း"

"ဟျောင်း..ကျွန်တော်လက်ကိုကိုင်ထား"

"ဘာလုပ်မို့လဲ?"

"ကျွန်တော်လူနည်းတဲ့နေရာကိုရှာတွေ့ထားတယ်"

လူအုပ်ကြားထဲမှာမှ ယောင်္ကျားချင်းလက်တွဲထားတယ်ဆိုလို့သူတို့နှစ်ယောက်တည်း။ဟာအိုနှလုံးခုန်မြန်လာသည်။တကယ်ပါပဲဟန်ဘင်းသူ့လက်ကိုကိုင်လိုက်တိုင်းရင်ခုန်ရသည်။ဟန်ဘင်းရှိနေရင်သူလုံခြုံတယ်လို့ခံစားရသည်။

ဟန်ဘင်းလက်ရုတ်တရက်စိုလာသလိုခံစားရတာမို့လို့
ဘေးကိုကြည့်လိုက်တော့ နဖူးမှာချွေးစလေးတွေထွက်ပြီး
လက်ကလည်းချွေးထွက်နေတာကိုသတိထားမိသည်။
ဟန်ဘင်းခပ်မြန်မြန်ပဲလျှောက်ပြီးလူအုပ်ကြားကနေထွက်လာရသည်။
_______________________________________

ဒီနေ့က Boys Planet final ထုတ်လွှင့်ခဲ့တဲ့နေ့မို့လို့အပ်ပုဒိတ်လာပေးတာ။ မနှစ်တုန်းကတကယ်စိတ်လှုပ်ရှားနေခဲ့တာ
ကိုယ် pickထားတဲ့လူတွေမပါမှာစိုးရိမ်ရတာနဲ့။centerz ပါသွားလို့ပျော်ခဲ့ပေမဲ့ Keita နဲ့ Jeonghyeon မပါလို့၀မ်းနည်းနေခဲ့တာ တကယ်ပဲပျော်ရလိုလို၀မ်းနည်းရလိုလိုနဲ့
အတူတူdebutပေးလို့ကျေးဇူးတင်ပါတယ် စင်တာဂျစ်💙💗

Once Again [BinHao]♡Where stories live. Discover now