အပိုင်း ၅

98 11 0
                                    

"ဟန်ဘင်း မင်းကိုသဘောကျတာမိတာကအပြစ်တစ်ခုဆိုရင်
ကိုယ်အဲ့အပြစ်ကိုကျေကျေနပ်နပ်နဲ့ခံယူမှာ"

ဒီနေ့လည်းတိမ်စိုင်တွေမရှိတဲ့ကောင်ကင်းကြီးကကြည်လင်နေပြန်သည်။
ရာသီဥတုကလည်းသာယာပြီးလေပြေကလည်းဖြေးညင်းစွာတိုက်နေသည်။
ချယ်ရီပွင့်ဖတ်လေးတွေကြွေပြီးမြေပြင်မှာပြန့်ကျဲနေသည်။

နှစ်ယောက်အတူတူလမ်းလျှောက်နေရင်းဟာအိုကမကြာခဏဆိုသလိုဟန်ဘင်းကိုလှမ်းကြည့်တတ်သည်

"Hao ge

ကျွန်တော်ခြေထောက်ညောင်းနေပြီ တစ်နေရာရာမှာ၀င်ထိုင်ရအောင်"

"အင်း"
ဟာအိုခေါင်းညိတ်ပီးဖြေလိုက်သည်။

အရိပ်ရပြီး ရေကန်ပါမြင်ရသည့်နေရာကိုရွှေးလိုက်သည်။
သူတို့နှစ်ယောက်ကြားတိတ်ဆိတ်သွားပြန်သည်။ခနကြာတော့ဟန်ဘင်းဘက်က

"ဟျောင်း..ကျွန်တော်တို့ နှစ်တိုင်းချယ်ရီပန်းတွေပွင့်တာကိုအတူတူလာကြည့်ရအောင်"

ရေကန်ပြင်ကြီးကိုကြည့်ရာကနေသူ့ဘက်လှည့်လာပြီး
ပြောလာတဲ့စကားတစ်ခွန်း...

"အင်း...တူတူကြည့်ကြတာပေါ့"

"အင်း"ဆိုတဲ့စကားကိုကြားပြီးပြုံးကာပြန်လှည့်သွားတဲ့ဆောင်းဟန်ဘင်း

ဟာအိုကတော့အဲ့အပြုံးတွေကိုသဘောကျလို့ဒီအတိုင်းကြည့်နေလိုက်သည်။

"ဘယ်အချိန်ထိအတူတူရှိနေနိုင်မှာလည်းသိပေယ့်ငါ..အသက်ရှင်နေသရွေ့မင်းနဲ့အတူလာကြည့်ပေးမယ်"

"ဟျောင်း ဗိုက်မဆာဘူးလား"

"နည်းနည်းတော့ဆာသလိုပဲ.."

"အဲဆိုကျွန်တော်စားဖို့တစ်ခုခုသွား၀ယ်လိုက်အုန်းမယ်"

"အင်း.."

ဟန်ဘင်းမုန့်၀ယ်ဖို့အလောတကြီးထလာလိုက်တာ
ဟာအိုဘာကြိုက်မှန်းမသိ..

Once Again [BinHao]♡Where stories live. Discover now